Friday, February 15, 2013

မြ၀တီ နယ်စပ်တံတား ပတ်လမ်း လမ်းရှင်းပေးစေလို


မြ၀တီမြို့ ကြက်သရေဆောင် မြ၀တီ-မဲဆောက် နယ်စပ်တံတားကြီး၏ ပတ်လမ်းသည် ကားတစ်စီးသာသွားနိုင်သော လမ်းကျင်းလေးဖြစ်ပါတယ် ။သို့ပါသော်လည်း အဆိုပါလမ်းတွင် စည်းကမ်းမဲ့ ရပ်ထားသော ကားများကြောင့် တံတားအောက်ပါတ်လမ်းတွင်း ကားပင်သွားမရအောင် ဖြစ်ပြီး တံတာထိပ်တွင် ယဉ်များဖြင့် လမ်းပိတ်ပြီး ကြပ်ညတ် နေပါတော့တယ် ၊ မြ၀တီတံတားပတ်လမ်းတွင် အဖြူ-အနီ ကြားသုတ်ထားသော်လည်း ကားများ စည်းကမ်းမဲ့ ရပ်နေသည်ကို မည်သည့် ယဉ်ထိန်းရဲမှ လာရောက်အရေးယူခြင်းလုံးဝ(လုံးဝ)မရှိပါဘူး။တံတားပတ်လမ်းမှာအလွန်ကျင်းလှသဖြင့် နေ့ဘက်ယဉ်ရပ် နားခြင်း ရပ်တန်ပြီး စာကားပြောနေခြင်း၊ခရီးသည် အတင်အချ၊ကုန်ပစ္စည်းအတင် အချ ပြလုပ်ခြင်းများကို သက်ဆိုင်ရာက အဘယ်ကြောင့် မတားဆီသည်ကို မသိရပါ။ မြ၀တီတံတားတွင် တာဝန်ကျနေသော ၀န်ထမ်းများမှာ ကလေးများ မဟုတ် ပြန်တမ်းဝင် အရာရှိများ ပါဝင်ဦးဆောင်နေကြသည်ဖြစ်ပြီး ဌာနအစုံက ပြန်တမ်းဝင်အရာရှိကြီးများဖြစ်ပါလျှက် နေစဉ်ကြုံတွေနေရသော ယဉ်ကြေပိတ်ဆိုမှု့နှင့် တံတားပတ်လမ်းအတွင်း ယဉ်ပိတ်ဆိုနေမှု့မှာ မဆိုင်သလို အဘယ်ကြောင့်နေရသည်ကို မသိ့ပါ။မဲဆောက်သို့ သွားမည့် ကားတစ်စီးလောက်လည်း စိတ်ဝင်စားပုံမပေါ်ပါ။ဒီလိုလမ်းရှင်းရတဲ့ အလုပ်က သူတို့ အလုပ်မဟုတ်ဘဲ ယဉ်ထိန်းရဲ ၏ တာဝန်သာဖြစ်သည်ဟု သာပြောဆိုနေမည်ဖြစ်ပြီး အမြင်မတော်လျှင်မပြောတတ်သောထိုအရာရှိကြီးများ၏၀န်ထမ်းစိတ်ဓါတ်ကိုလည်း လေ့စားမိ့လျက်   မြ၀တီက ယဉ်ထိန်းရဲ့များလည်း ကုန်ကားများနောက်သို့ပြေးလိုက်နေခြင်းအား အနည်းငယ်လျှော့လျက် စည်းကမ်းကိုလည်း စနစ်တကျ ထိမ်းသိမ်းပေးနိုင်ပါရန် တင်ပြရပါသည်။မြ၀တီမြို့ဟာ ခရိုင်အဆင့် ဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှုးတစ်ဦးအုပ်ချုပ်ပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူးကြီးအနေနှင့်လည်းအစည်းအဝေးများ တက်နေရသဖြင့်တံတားထိပ်နှင့် တံတားပတ်လမ်းကို စတင်ပြောင်းရွေ့လာစဉ်ကတိုင်းက တစ်ခေါက်မှ မရောက်ဖူးသေးဟုသာ ကျွန်တော်တို့ မှတ်ယူထားရပါကြောင်းလည်း စကားချပ် ရပါတယ်ဗျာ။

မြ၀တီသား ကားသမား

Thursday, January 3, 2013

မြ၀တီမြို့တွင် ၃-၁-၂၀၁၃ ရက် မနက် ၀၀း၃၀ က မီးလောင်

မြ၀တီမြို့ အမှတ် ( ၁) ရပ်ကွက်တွင် ၃-၁-၂၀၁၃ ခုနှစ် နံနက် ၀၀း၃၀ က မီးလောင်ကြွမ်းရာတွင် အိမ်ခြေ ၃ လုံးခန့်ပါရှိပြီး (၈) နှစ်အရွက် မိန်းကလေးတစ်ဦး သေဆုံးသွားပါတယ်၊မီးလောင်ရာသို့ သက်ဆိုင်ရာမီးသတ် တပ်ဖွဲ့ဝင်များလာရောက်ပြီး ရပ်ကွက်သူ/သား များနှင့်အတူ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

Friday, December 14, 2012

မြ၀တီမြို့တွင် ဒီကေဘီအေ ဆန္ဒ ထုတ်ဖော်

ယနေ့ ၁၄ ရက်နေ့ နံနက်ပိုင်းက မြ၀တီမြို့ အာရှ လမ်းမကြီးတွင်  ဒီကေဘီအေ အဖွဲ့မှ ကချင်စစ်ပွဲ ရပ်စဲရေး နှင့် ကြေးနီစီမံကိန်းရပ် ရေးနှင့် ဒဏ်ရာရ သံဃာတော်များကိစ္စ အတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။
                                                                   ဓါတ်ပုံ    (ကေအိုင်စီ)

Tuesday, December 11, 2012

မဲဆောက်-ဘန်ကောက် ကားမှောက် မြန်မာ ၂ ဦးသေဆုံး

မဲဆောက်-ဘန်ကောက် ကားမှောက်သဖြင့် မြန်မာ ၂ ဦး နှင့် ထိုင်း ၂ ဦးသေဆုံးသွားပြီး လူး ၅၀ ကျော်ဒဏ်ရာ ရသွားသည်ဟု သိရပါတယ် ။ မကြာ မကြာ ဆိုသလိုဖြစ်တတ်တဲ့ မဲဆောက်-ဘန်ကောက် ကားမှောက်မှု့ များတွင် မြန်မာများ သေဆုံးမှု့ များအမြဲရှိနေတယ်လို့လည်း သိရပါတယ်

Tuesday, December 4, 2012

ဒီဇင်ဘာလ(၁၄) ရက်နေ့ နောက်ပိုင်း နယ်စပ် မဲဆောက်တွင် ဖမ်းမည်

     ဒီဇင်ဘာလ(၁၄) ရက်နေ့ တွင် အလုပ်သမားရုံးမှ လက်မှတ်လုပ်ပေးခြင်း လုပ်ငန်းကုန်ဆုံးသည့်နေ့ဖြစ်ပြီး ထိုနေ့မှစတင်ကာ နယ်စပ်မြို့ဖြစ်သော မဲဆောက်ရှိ စက်ရုံး၊အလုပ်ရုံများ ဈေးဆိုင်များနှင့် ဆောက် လုပ်ရေးလုပ်ငန်းများ အားလုံးကို အိမ်တိုင်ရာရောက် စစ်ဆေးဖမ်းဆီးမည်ဟု သက်ဆိုင်ရာ ထိုင်းလုံခြုံရေး အရာရှိများက ဆိုပါသည်။  ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးတာဖြစ် တယ်လို့လည်း ပြော ပါတယ်။ ကြေငြာထားတဲ့အတိုင်း တာဝန်ယူထားတဲ့ ထိုင်းနိုင်ငံသား( အလုပ်ရှင်) လည်း ဥပဒေအရ ဒဏ်ငွေဆောင် ရမှာ ဖြစ်ပြီး လက်မှတ်မဲ့ အလုပ်သမားကတော့ ထောင်ကျမှာဖြစ်ပါတယ် ။ဒီနေရာမှာ ပြောစရာရှိတာက အခု ဒီဇင်ဘာလ(၁၄) ရက်နေ့မကျော်ခင်ကတော့ (၁၂) ရက်ထောင်ချ ပါတယ် ကျော်ရင်တော့ ထောင် (၁) နှစ်ကနေ (၅) နှစ်အထိ ချလို့ ရပါတယ် လို့ ပြောပါတယ် ။ကြေငြာလည်း ထုတ်ထားတယ်လို့ မဲဆောက်ရဲစခန်းမှ တာဝန်ခံ အရာရှိတစ်ဦး က သေသေချာချာ ရှင်းပြတယ်လို့  မယ့်တောင်စက်ရုံးတစ်ရုံက တာဝန်ခံတစ်ဦး က ပြောပါတယ် ။အခုအခါ စက်ရုံ အလုပ်ရုံများ ကို ကြိုတင် အကြောင်းကြား ထားပြီးဖြစ်ပါတယ်။
       မြန်မာအလုပ်သမားများအနေဖြင့် ရရှိသောလစာမှာနည်းပါပြီး တိုးမလာပါဘူး၊ နေထိုင်စားသောက်စရိတ်တို့က ကြီးမြင့်လာပြီး အလုပ်အကိုင်ရှားပါ လာချိန်မှာ နိုင်ငံကူး လက်မှတ် (၅၅၀၀)ဘတ်နဲ့ သွေးစစ်ခ (၁၉၀၀) အလုပ်သမားလက်မှတ် (၁၉၀၀)  နဲ့ စုစုပေါင်း ဘတ် ၉ ထောင်ကျော်  စာရွက်စာတမ်းဖိုး ပွဲစားအေးဂျင်ခ နဲ့ ဘတ် တစ်သောင်းကျော်ကုန် ကျလျှက်ရှိသော နေ ထိုင်ခွင့် ကို တစ်ရက် (၁၂၀) ရသော မြန်မာအလုပ်သမားများအနေဖြင့် ပြုလုပ်ရန် လွန်စွာခက်ခဲပါတယ် လို့  ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုမျိုးမျိုးထွန်းက ပြောပြပါတယ်။
                   အလုပ် လုပ်ကိုင်ရာမှာလည်း စိတ်ထားဖြူစင်ပြီး ကိုယ်ချင်းစာတတ်သော ထိုင်းလုပ်ငန်းရှင်များအနဲစု ရှိသော်လည်း အများစုမှာ အလုပ်သမားများအား မတရာ ခွဲခြားဆက်ဆံပြီး ဖိနှိပ်ခိုင်းစေကြသူများက များပါတယ်။ထိုင်နိုင်ငံက ပလိပ်များဟာလည်း သူတို့နိုင်ငံသား မှားလည်း မှန်တယ် မှန်လည်း မှန်တယ် ဆိုတဲ့ မူကို လက်ကိုင်ထားဆောင်ရွက်ကြတာမို့ ကျွန်တော်တို့ အမြဲအရှုံးနဲ့ဘဲ ရင်ဆိုင်ရတာပါ ။တစ်ချို့ဆိုရင် (၇) ရက်တစ်ပတ် အလုပ် လုပ်ပြီး ငွေရှင်းရမယ့် ရက်ကိုရောက်မှ ပလိပ်ကို လက်တို့ ဖမ်းခိုင်းပြီး လုပ်ခမပေးတဲ့ အဖြစ်မျိုးဆိုတာကလည်း မကြာ မကြာ ကြားနေရပါတယ် ၊လို့ပြောပြပါတယ် ။အခုလို့ ဒီဇင်ဘာလ(၁၄) ရက်နေ့ကျော်လို့ ဖမ်းပြီဆိုရင်တော့ တစ်နေ့လုပ် တစ်နေ့စားအလုပ်သမား တွေ အတွက် ဘယ်လိုဆက်လက် ရပ်တည် ရှင်သန်ရမလည်း လို့လည်း ပြောပြ ပါတယ် ခင်ဗျာ။

Sunday, December 2, 2012

မဲဆောက်ပလိပ် အိမ်တိုင်ရာရောက်ဖမ်းမည်ဆို

       ဒီဇင်ဘာလ တွင် အလုပ်သမား အလုပ်လုပ်ခွင့်ပြုလုပ်ပေးခြင်းများ လုပ်ငန်းလုပ်ဆောင်မှု့ပြီးဆုံးချိန်တွင် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့တွင် အဖမ်းအဆီများ အလွန်များလာကြောင်းသိရသည်။ ယခုအခါ ဒီဇင်ဘာလ (၁၅) ရက်နေ့မှစပြီး မဲဆောက်ဒေသ တွင်းရှိ မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ အလုပ်ခွင်များ၊နေအိမ်တန်းလျှာများ၊စက်ရုံ အလုပ်ရုံများသို့ ထိုင်လုံခြံရေးတာဝန်ရှိသူများ လ၀ကများနှင့် အတူ ပလိပ်အဖွဲ့များက ပူပေါင်းဖမ်းဆီမည်ဟု ဆိုပါသည်။
မဲဆောက်တွင် မြန်မာနိုင်ငံသားက ထိုင်နိုင်ငံသားထက် လူဦးရေ ပိုမိုများပြာပြီး နေထိုင်ခွင်လက်မှတ် ၊ပါတ်စပို့ အလုပ် လုပ်ခွင့်ပါမစ် မရှိသူက ရာနှုံးပိုများကြောင်းလည်းသိရသည်။အိမ်ထောင်စုများတွင် အမျိုးသားက အလုပ် လုပ်ပြီး ဇနီးက အိမ်တွင်မှီခိုအဖြစ်နေထိုင်ကြသော သူများလည်းရှိကြရာ ယခုဖမ်းဆီးမည်ဆိုသည့်အတွက် မည်သို့ဆောင်ရွက်ကြရမည်ကို မသိကြောင်းလည်း သိရပါသည်။

Thursday, November 1, 2012

လိုင်စင်မဲ့ကားများအား အဖွဲ့စုံဖြင့် အရေးယူမည်

ကရင်ပြည်နယ် မြ၀တီမှတဆင့် မြန်မာနိုင်ငံအနှံ ပို့ဆောင်နေသော လိုင်စင်မဲ့ကားများအား သက်ဆိုင်ရာမှ ထိရောက်စွာအရေးယူနိုင်ရန်အတွက် ဂျိုင်းတံတား (ဇာသပြင်) နှင့် ကျိုက်ထို မြို့များတွင် အဖွဲ့စုံပါဝင်သော စစ်ဆေးရေးအဖွဲ့များရောက်ရှိ စစ်ဆေးအရေးယူနေပြီလို့ သိရပါတယ်။ဖားအံကလာတဲ့ သတင်းအရတော့ အဲဒီအဖွဲ့စုံမှာ ထူးခြားတဲ့ အချက်တစ်ချက်ပါတယ် အဲဒါက ပြည်တွင်းသတင်းထောက်တွေ ဂျာနယ်လစ် တွေပါ အဖွဲ့နဲ့တူတူပါလာကြတယ် လို့ဆိုပါတယ် အကောက်ခွန်ဝန်ထမ်းတွေလည်းပါလြာ
ပီး အခွန်မဲ့ပစ္စည်းတွေကိုလည်း စစ်ဆေးမှာပါ။ အဖွဲ့မှာ က.ည.န က အရာရှိတွေလည်း ပါလာမှာဖြစ်ပြီး အစစ်ကဲ့သို့ပြုလုပ်ထားသောလိုင်စင်အတုများကိုလည်း စစ်ဆေးအရေးယူမယ်လိုသိရပါတယ်မီဒီယာပါလာတော့ အဖွဲ့စုံကလူတွေလည်း ဥပဒေအတိုင်းလုပ်ကြမယ်လို မျှော်လင့်ရတယ် မြန်မာပြည်ကမီဒီယာသမား ဂျာနယ်လစ်တွေလည်း လဒ်မစားလောက်ပါဘူး ဟု ထိုသူက ပြောပါတယ်။ ကောကရိတ်-မြ၀တီဘက်မှာ ရှိနေတဲ့ ကားတွေကိုတော့ စစ်ဆေးမယ် မကြားရပေမယ့် စစ်ဆေးနိုင်ခြေရှိတယ်လိုလည်း ပြောဆိုနေကြပါတယ်။ မြန်မာဘက်ခြမ်းတွင် ယခုကဲ့သို့ အဖွဲ့စုံဖြင့် ဖမ်းဆီးအရေးယူနေသော်လည်း ထိုင်းဘက် ၁၂-၁၃-၁၄ ဂိတ်များတွင် ကားအရောင်းအ၀ယ် ကောင်းနေပြီး ကားဈေးများသိသိသာသာကျဆင်းခြင်း မရှိကြောင်းသိရပါတယ်။ အရောင်းအ၀ယ်ဆက်ဖြစ်နေပြီး ကားလုပ်ငန်း လုပ်ရိုးလုပ်စဉ်များမှာ အပြောင်အလည်း မရှိကြောင်း သိရသည် ။မြ၀တီက ကားသမားများရဲ့အဆိုအရ ယနေ့အထိဖမ်းဆီးအရေးယူခံရသူပေါင်း ရာဂ ဏန်းလောက်ရှိနေပြီလို့ သိရပါတယ်။
                                                                                                            မြ၀တီသား