Monday, October 31, 2011

နေထိုင်ခွင့် (ဘတ်) သက်တမ်းများတိုးပေးတော့မည် မဟုတ်

      မဲဆောက် ၁-၁၁-၂၀၁၁     
       မဲဆောက်မြို့နေ့ မြန်မာနိုင်ငံသားများအကြား ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှ နေထိုင်ခွင့် (ဘတ်) သက်တမ်းများ လုံးဝ မတိုးပေးတော့ ဟုသောသတင်းများထွက်ပေါ်လာ ပါတယ်။ ပါတ်စပိုစ် ကိုင်ဆောင်ရမှာ ဖြစ်ပြီး သက်တမ်း (၆)နှစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။သို့သော်လည်း (၃)လတစ်ကြိမ် ထိုင်း လ.၀.က သို့ သွားရောက်ပြီး စာအုပ်ပြသရမှာဖြစ်တယ်လို့လည်း ပြောပြပါတယ်။အလုပ်လုပ်လိုပါက အလုပ်လုပ်ခွင့် ပြန်လည်လျှောက်ထားရမှာ ဖြစ်ပါတယ်။
        ယခုကဲသို့ နေထိုင်ခွင့် လက်မှတ်များ သက်တမ်းမတိုးပေးပါက ပါတ်စပိုစ် လုပ်ဆောင်ရသော စရိတ်မှာ လူတစ်ဦးအတွက် ထိုင်းဘတ် (၇၀၀၀)ကျသင့်ပြီး ၄င်းပါတ်စပို့ဖြင့်သာ အလုပ်လုပ်ပိုင်ခွင့် လက်မှတ် လျှောက်ထားရမယ်လို့ ပါတ်စပို့လုပ်ပေး သူကိုယ်စားလှယ်တစ်ဦးက ပြောပြပါတယ်။ မဲဆောက်ေ နမြန် မာနို င်ငံသား များအနေနဲ့ ယခုအချိန်တွင် မဲဆောက်-မြ၀တီတံတားပိတ်ထား သည်ကတစ်ကြောင်း ဘန်ကောက်တွင် ရေကြီးနေသည်ကတစ်ကြောင်း တို့ကြောင့် စီးပွားရေးအခက် အခဲပေါင်းများ စွာနှင့်ရင်ဆိုင်နေရပြီး (၁)နှစ်ခံလက်မှတ်ရှိသူများအနေနှင့် ၂၀၁၂ ခုနှစ် ၂ လပိုင်းတွင် သက်တန်းထိုးပေးနေသော လက်မှတ်များ သက်တမ်းမတိုးဘဲ ပါတ်စပို့လုပ်ဆောင်ကြရမည်ဆို သည့်အတွက် ငွေကြေးအခက်အခဲများကြောင့် စိတ်သောက ရောက်လျှက်ရှိကြောင်း သိရပါတယ်။

၁ နှစ်ခံလက်မှတ်သက်တမ်း မတိုးကြောင်း ကြေငြာထားပါတယ်

Sunday, October 30, 2011

ဘန်ကောက်ရေကြီး မဲဆောက်ကုန်ဈေး ပြောင်း

          ထိုင်းနိုင်ငံဘန်ကောက်ရေးကြီးနေတဲ့ ကာလ အတော်လေးကြာလာပါပြီ၊ဘန်ကောက်ကလာတဲ့ ကုန်ပစ္စည်းတစ်ချို့လည်း ပစ္စည်း အ၀င်းနည်းနေပြီး ဈေးအနည်းငယ်တက်လာတယ်လို့ ဈေးသည်တွေပြောနေ ကြ ပါတယ်။ဒီလိုပါဘဲ မဲဆောက်ကနေ ဘန်ကောက်ကိုသွားတဲ့ ကုန်ပစ္စည်းတွေလည်း အ၀ယ်ရပ်လို့ ဈေးသိသိသာသာ ကျဆင်းနေပါတယ်။ပစ္စည်းအဟောင်းအရောင်းအ၀ယ်လုပ်သူတစ်ဦးကဆိုရင် “အရင်က ဘန်ကောက်က အ၀ယ်လိုက်တော့ ကြေးနီဈေး၊သံဈေးတွေ ကောင်းခဲ့တာပေါ့ အခု ဘန်ကောက်ရေကြီးတော့ ကြေးနီဆိုရင်  ၁ ကီလိုကို အရင်ဈေးထက် (၇၀)ဘတ်လောက်ဈေးကျနေတယ်” လို့ပြောပါတယ်။အရောင်းအ၀ယ်သမားများ လုပ်ငန်းများအေးနေပြီး ဘန်ကောက်ပစ္စည်းဈေးတက်လျှက် ရှိကြောင်းပါခင်ဗျာ -

Saturday, October 29, 2011

မဲဆောက်ကအပြန် မြ၀တီတွင် မြို့ခံများပါ ငွေတောင်းခံနေရ

    မဲဆောက် ၃၀-၁၀-၂၀၁၁
         
         မဲဆောက်တွင်လာရောက်အလုပ်လုပ်ကိုင်ပြီ မြ၀တီသို့ ပြန်ကြသူများရှိသလို မဲဆောက်တွင် လုပ်ငန်းအရ    နေထိုင်ကြပြီး မြ၀တီကို အားကိုးလုပ်ကိုင်နေကြသော သူများလည်းရှိပါတယ်။ယခုအခါ ဘန်ကောက်ရေကြီးသဖြင့် ပြည်တော်ပြန်ကြသော မြန်မာများကို ငွေတောင်းခံမှု့များရှိနေသည့် အပြင် မဲဆောက်မြို့ခံ -မြ၀တီမြို့ခံများ ကိုပါ ကမ်းကူးလာသူများကို စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်ပြီး ထိုင်ဘတ် ၂၅၀၀ မှ ၃၀၀၀ အထိ ချက်ချင်းပေးကြရကြောင်း ကမ်းနားမှ လာသောသတင်းတစ်ရပ်က ဆိုပါတယ်။“ အကယ်၍ မပေးနိုင်ဘူးဆိုရင် သူတို့ တပ်ချင်တဲ့ ပုဒ်မတတ်ပြီး  အချုပ်ထဲထဲ့ တရားစွဲတော့တာပါဘဲ။ ပြီးတော့ မဲဆောက်သွားတယ်ဆိုရင် အဖွဲ့အစည်းနဲ့ဆက်သွယ်တယ်တို့ ဘာတို့ပေါ့ဗျာ သူတို့ ပြောချင်ရာ တွေပြောပြီး လုပ်ချင်သလိုလုပ်ကြတာပါဘဲ” လို့ ထိုသူက ပြောပြပါတယ်
ယခုအချိန်တွင် မဲဆောက်အခြေချနေထိုင်သူနှင့် မြ၀တီနေထိုင်သူများပါ တစ်ဘက်ကမ်းသို့ ယခင်ကကဲ့သို့ ကူးသွားကူးလာ မလုပ်ရဲကြဘဲ အခြေအနေများကြည့်နေရကြောင်းလည်း ကြားသိရပါတယ်။ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကြီးမှာ ဘယ်အချိန်ဖွင့်မည်မသိရသေးကြောင်း ပြောပြပါတယ်။

Friday, October 28, 2011

မဲဆောက်ကားဈေး အေးစက်

မဲဆောက် ၂၈-၁၀-၂၀၁၁
မဲဆောက်မှတဆင့် မြန်မာနိုင်ငံသို့ ဂျပန်ကားတင်ပို့သော လုပ်ငန်းလုပ်ကိုင်နေကြသူများသည် ယူခုအခါ မြန် မာနိုင်ငံသို့ ဂျပန်ကားများ တိုက်ရိုက် တင်ပို့တော့မည်ဖြစ်သဖြင့် ဂိတ်များတွင် သောင် တင်နေသော  ဂျပန်ကားများ ဈေးကွက်အေးစက်လျှက်ရှိကြောင်းသိရပါသည်။ 



Thursday, October 27, 2011

ဘန်ကောက်ရေကြီးသောကြောင့် မြန်မာပြည်သားများနေ့စဉ် အိမ်ပြန်သူများပြား

၂၇-၁၀-၂၀၁၁ 
  ဘန်ကောက်ရေကြီးနေသောကြောင့် ထို့ဒေသတွင် အလုပ်လုပ်ကိုင်သော မြန်မာပြည်သားတို့ အိမ်ပြန်ကြရာ မဲဆောက်တွင် နေ့စဉ် အိမ်ပြန်သူများပြားလျှက်ရှိပါတယ်။မဲဆောက်နေ မြန်မာများမှလည်း ပြည်တော်မပြန်နိုင် ဘဲ ရေကြီးရာဒေသတွင် ဒုက္ခရောက်နေသော မြန်မာများကို ကူညီရန်အတွက် ငွေကြေးများလည်း ကောက်ခံ လျှက် ရှိကြောင်း သိရသည်။မြန်မာပြည်သို့ ပြန်ကြသော သူများ၏ တွေကြုံနေရသော ဒုက္ခကို “မိုးမခ” သတင်းတွင် ကာတွန်းဆရာကူမိုးကြိုးက ကွင်းကွင်း ကွက်ကွက် ထင်ဟတ်အောင် ရေးဆွဲထားပါတယ်။


                           ကာတွန်းကူမိုးကြိုး  – ဒီဖက်ကမ်းမှာ လူဖြစ်ရတဲ့ မြန်မာတွေရဲ့ ဒုက္ခ
အောက်တိုဘာ ၂၇၊ ၂၀၁၁

Tuesday, October 25, 2011

မဲဆောက်တွင် သုံးဘီးဆိုက်ကား (စန်ဘလော)များ ဖမ်းဆီးနေပြန်

မဲဆောက်  ၂၆-၁၀-၂၀၁၁
မဲဆောက်တွင် သုံးဘီးဆိုက်ကား (စန်ဘလော့) များအား သက်ဆိုင်ရာမှ စစ်ဆေးဖမ်းဆီးနေပါတယ်။မဲဆောက်တွင် မြန်မာပြည်သားအများစု လုပ်ကိုင်သော စန်ဘလော့ များမှာ လိုင်စင်မဲ့များဖြစ်သည်ဟုဆိုပါတယ်။ပစ္စည်းအဟောင်းများဝယ်ယူသည့် စန်ဘလော့များနှင့် အမှိုက်ကောက်သော စန်ဘလော့များပါမကျန် စစ်ဆေးနေကြောင်းကြသိရပါတယ်။အချို့မြန်မာပြည်သာ စန်ဘလော့ သမားများ လုပ်ငန်းနားနေရကြောင်းလည်း သိရပါတယ်။

မဲဆောက်ချိတ်ဖုန်း မြ၀တီCDMA ပိတ်ခံရ

မဲဆောက် ၂၆-၁၀-၂၀၁၁          
    မဲဆောက်နှင့် မြ၀တီတွင် မြန်မာပြည်(၅)သိန်းတန်ဖုန်းနှင့်ထိုင်းနိုင်ငံဖုန်းကိုချိတ်ဆက်ပေးနေသော ဖုန်းဝန်ဆောင်  မှု့ ပေးနေသည့် လုပ်ငန်းများတွင် အသုံးပြုသော မြန်မာ CDMA တစ်ချို့ကို ဆက်သွယ်ရေးက ပိတ်ထားလိုက်ပါတယ်။ မြ၀တီဘက်က ဖုန်းများလိုင်းပိတ်ထားသလို မဲဆောက်တွင်လည်း မြန်မာCDMA ဖုံးများဖြင့် တိုက်ရိုက်ခေါ်ဆိုနိုင်အောင်စီစဉ်ပေးသော ဖုန်းဆိုင်တစ်ချို့ကိုလည်း သက်ဆိုင်ရာ ထိုင်းလုံခြုံရေးအဖွဲ့များမှ လိုက်လံစစ်ဆေးဖမ်းဆီလျှက်ရှိကြောင်း သိရသည်။

မဲဆောက်တောရဘုန်းကြီးကျောင်းတွင် မြန်မာဆရာတော် ကျောင်းထိုင်ခွင့် ပြန်ရ

မဲဆောက် -၂၅-၁၀-၂၀၁၁
မဲဆောက်တောရကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် နှစ်ပေါင်းများစွာ ကျောင်းထိုင်လာသော ဆရာတော် ဦးမဟိန္ဒ အား ထိုင်းနိုင်ငံသားမဟုတ် ဟုဆိုပြီး ထိုင်းသံဃာတော်က ကထိန်ပွဲ မကျင်းပရန် လာရောက်တားမြစ်ခဲ့သည်။ထို့ကြောင့် ယနေ့ မဲဆောက်မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌ ဆရာတော် နှင့် မြို့နယ်ရဲစခန်းမှူး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက ယနေ့နေ့လည်ပိုင်းတွင် လာရောက် ဖြေရှင်းပေးခဲ့ပြီး  မြန်မာဆရာတော်ကိုသာလျှင် ကျောင်းထိုင်ဆရာတော်အဖြစ် ဆက်လက်တာဝန်ယူရန် ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။ 
ယနေ့ထို့သို့ ဖြေရှင်ရာသို့ မြန်မာပြည်သား ၃၀၀ ခန့်တက်ရောက်ခဲ့ကြောင်း ကြားသိရပါသည်။

Monday, October 24, 2011

မဲဆောက်ကွန်ပျူတာလောက ခပ်လုပ်လုပ်

မဲဆောက်မြို့တွင် မကြာမီရက်ကပင် ကွန်ပျူတာ သုံးပြီး စီပွားရေးလုပ်ငန်းလုပ်ကိုင်သူများကို သက်ဆိုင်ရာ Microsoft စသည့် ကုမ္မဏီကြီးများနှင့် ထိုင်းလုံခြုံရေးအဖွဲ့ဝင်များ ပူပေါင်းစစ်ဆေးအရေးယူမူ့များပြုလုပ်ပြီ ဖြစ်သော်လည်း မဲဆောက်ကွန်ပျူတာလောကအတွင်း ဆက်လက်အရေးယူမှု့များ  ဆက်လက်ပြုလုပ်မည် ဟုသောသတင်းများ ထွက်ပေါ်နေပြီး လုပ်ငန်းများလုပ်ကိုင်ရာတွင် သတိကြီးစွာထားပြီး လုပ်နေရကြောင်း သိရသည်။

ဘန်ကောက်ရေကြီး ပြည်တော်ပြန်တဲ့မြန်မာ မဲဆောက် လ.၀.က ဖမ်းဆီး

ထိုင်းနိုင်ငံဘန်ကောက်မြို့ ရေလွှမ်းမိုးရာနယ်များမှ မြန်မာပြည်သို့ ပြန်ကြ သည့် မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့(လ၀က)၏ ဖမ်းဆီးခြင်းကို ခံကြရသည်။လက်ရှိ မဲဆောက်မြို့တွင် အဖမ်းခံနေရသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားတစ်ေ ထာင်ကျော်ရှိနေပြီး အားလုံးဟာ လက်မှတ် (ပါတ်စပို့)မရှိတဲ့ သူတွေဖြစ်တယ်လို့လည်း ကြားသိရပါတယ် မြန်မာများမှာ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ်(ဘတ်)များ ရှိသော်လည်း(ပါတ်စပို့ ) မရှိသူများဖြစ်ကြသည်။

မဲဆောက်သားလေးရဲ့ မဲဆောက်သတင်းပါ

ကျွန်တော်တို့ မဲဆောက်သားလေးရဲ့ မဲဆောက်သတင်း ဆိုတာကတော့ မဲဆောက်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို ဘက်မလိုက်ဘဲ လူမျိုး ဘာသာ ဆင်းရဲ ချမ်းသာ မခွဲပါဘူး ဟုတ်ရင် ဟုတ်တဲ့ အတိုင်းလေးဘဲ အပို အလိုမရှိတင်ပြမယ့် ဘလောက်လေးကို ဒီနေ့ စတင်ပါရစေ
                                                                               မဲဆောက်သားလေးရဲ့ သတင်း