Friday, November 25, 2011

မဲဆောက်မှာ ပထမဆုံးစာပေဟောပြောပွဲ ကျင်းပမည်

မဲဆောက်  26-11-2011
         ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ၊ ဆရာမ နုနုရည် (အင်းဝ) တို့က မဲဆောက်တွင် ပထမဆုံး မြန်မာ စာပေဟောပြောပွဲကို လာမည့် ဒီဇင်ဘာ(၄)ရက် (တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Thursday, November 10, 2011

မဲဆောက်တန်ဆောင်တိုင်ပွဲတော် စည်ကား

မဲဆောက် ၁၁-၁၁-၂၀၁၁
                   မဲဆောက်တွင် နှစ်စဉ်ကျင်းပသော တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို မဲဆောက်မြို့  သင်္ကြန်ကွင်း(သစ္စပန်းကွင်း) နှင့် မြ၀တီ-မဲဆောက် နယ်စပ် သောက်ရင်းမြစ်ကမ်းတို့တွင် စည်ကားစွာ ကျင်းပကြကြောင်းသိရသည်။ ယခင်နှစ်များနှင့်မတူ ဒီနှစ်အလွန်စည်ကားကြောင်း သိရပြီး ရေဘေးကြောင့် ထိုင်းနိုင်ငံအရပ်ရပ်မှ ပြည်တော်ပြန်များဖြင့် ပြည့်နေကြောင်း သိရသည်။ သို့သော်လည်း မဲဆောက်သင်္ကြန် ကွင်တွင် နှစ်စဉ် မြန်မာနာမည်ကြီး အဆိုတော်များ လာရောက်ကြသော်လည်း ယခုနှစ်တွင် လာရောက်ခြင်း မရှိကြောင်းသိရသည်။“အေးသင်းချိုဆွေ” လာသည်ဟု ပြောကြပြီး အမှန်တစ်ကယ် လာရောက်ခြင်း မရှိကြောင်း လည်း သိရသည်။
မဲဆောက်ကမ်းနားတွင်  မီးခွက်ရေမျှောကြစဉ်

Sunday, November 6, 2011

မဲဆောက်ကိုနှုတ်ဆက်တဲ့ သီးညီနောင်

မဲဆောက် 7-11-2011   
   ၆-၁၁-၂၀၁၁ ညက မဲဆောက်မြို့ စည်ပင်သာယာကွင်း (သစ်စပန်းကွင်း) မှာပြုလုပ်ကပြကြပါတယ်။ဒီပွဲမှာ မဲဆောက်တွင် နှစ်နဲ့ချီပြီး နေထိုင်ခဲ့တဲ့ ကျွန်တော်တို့မိတ်ဆွေ ကိုဇီးသီး တစ်ယောက်တော့ မတွေရတော့ပါဘူး။ သူကတော့ ပြည်တော်ပြန်စောတာကို။မဲဆောက်သားလို့တောင်ပြောရမလိုဖြစ်တဲ့ ကိုဇီးသီး ပြန်တော့ မဲဆောက် ကို ဘာလို့ နှုတ်မဆက်သွားတာလည်း ဆိုတာတော့ ကျွန်တော်တို့ တွေးစရာပါ။


                                                                               ဇီးသီး

Thursday, November 3, 2011

မဲဆောက်တွင် ဖမ်းတော့မည်

မဲဆောက် ၄-၁၁-၂၀၁၁
                 မဲဆောက်မြိုအတွင်း ယနေ့ ထိုင်းတာဝန်ရှိသူများက ကားဖြင့် လိုက်လံပြီး တရားမ၀င်အလုပ်သမားများကို ဥပဒေအရ အရေးယူဆောင်ရွက်မည့်အကြောင်း လိုက်လံကြေငြာနေ ပါတယ်။ ကြေငြာစာရွက်များ လည်းပေးပါတယ်။ကြေငြာချက်အရ နိုဝင်ဘာလ (၁)ရက်နေ့မှစတင်ပြီး အရေးယူဖမ်းဆီးမှာဖြစ် ပါတယ်။အလုပ် လုပ်သူအနေနှင့် အလုပ်သမားရုံးက သတ်မှတ်ပေးသော လုပ်ငန်းသာ လုပ်ခွင့်ရှိပြီး တစ်ခြားလုပ်ငန်းလုပ်လျှင် ဖမ်းဆီးမှာဘဲဖြစ်ပါတယ် (ပန်းရံ လုပ်တယ် လို့ရေးထားပြီး ဈေးရောင်းရင် ဖမ်းမှာပါ) ဒီကြေငြာချက်ကြောင့် မဲဆောက်နေမြန်မာပြည်သားများအကြား အခက်အခဲများ များစွာဖြစ်ပေါ်လာပါတယ်။ မဲဆောက်တွင် အလုပ်သမားလက်မှတ် မရှိသူက လက်မှတ်ရှိသူထက် ပိုများပါတယ်။မကြာခင်ရက်ကမှ လက်မှတ်ရှိသူများကို သက်တမ်းမတိုးပေးတော့ဘဲ ပါစ်ပို့ လုပ်ဆောင်ကြရမည် ဆိုသည့်အတွက် သော ကရောက်နေ ချိန်တွင် ယခုကြေငြာ ချက်ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
                                         ထိုင်းတာဝန်ရှိသူတွေ လိုက်ဝေတဲ့ ကြေငြာစာ

မဲဆောက်မြို့ သတင်းများ

-  မဲဆောက်မြို့ CDC အထက်တန်းကျောင်းအနီး လုယက်မှုဖြစ်ပွား (link)

-နေရပ်ပြန် အလုပ်သမားများအတွက် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဖွင့်ပေး (Link)