Saturday, March 24, 2012

ပါတ်စပို့လောက လုပ်စားကြရာဝယ်

ထိုင်းနိုင်ငံတွင်အလုပ်လာရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကိုထိုင်းအစိုးရနှင့်  မြန်မာအစိုးရ တို့ သဘောတူညီချက်အရ ပါတ်စပို့ ပြုလုပ်ရန် လုပ်ဆောင်ကြပြီး ပါတ်စပို့ များပြုလုပ်စေပါသည်။
    ထို့သို့ လုပ်ဆောင်ကြရာဝယ် အစိုးရ ရုံးသို့ တိုက်ရိုက် သွားရောက်လုပ်ဆောင် နိုင်ခြင်းမရှိသော သူများအတွက် ပါတ်စပို့ လုပ်ဆောင်နိုင်ရန်အတွက် ပွဲစားကုမ္မဏီများဖွင့်ပြီး လုပ်ဆောင်ပေးကြရာတွင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၅၀၀)အနည်းဆုံးဖြင့်ဆောင်ရွက်ကြပါတယ်။မှန်မှန်ကန်ကန်ဆောင်ရွက်ကြသည့် ကုမ္မဏီမှာ အနည်းငယ်သာရှိပြီး မမှန်မကန် ကိုယ့်မြန်မာအချင်းချင်း လိမ်လည့်လှည့်ပတ်ပြီး လုပ်စားနေကြသူက များပါတယ်။
   အခုရက်ပိုင်း  စုံစမ်းရသလောက်ကတော့ အမှန်တစ်ကယ် ကြုံတွေခံစားနေရသူ တစ်ဦးရဲ့ ရင်ဖွင့်သံကတော့ “ ကျွန်တော်တို့မှာ နေထိုင်ခွင့် လက်မှတ် အစစ်နဲ့ ပါတ်စပို့တင်လိုက်တယ်  ဘန်ကောက်ရုံးဆိုတဲ့ ဆီက ကျလာတဲ့စာရွက် အများခေါ် (သုံးကွက်ကျား) တံဆိပ်တုံးအနီရောင်အ၀ိုင်း ပါရှိပါတယ်။နေထိုင်ခွင့်ရဲ့ ကြောဘက်မှ ပါလာတာတွေရပါတယ် နံပါတ် ၁၃ လုံးနဲ့ပါ။ဒီနေရာမှာ ကုမ္မဏီတွေက MOU လို့ခေါ်တဲ့ ဘာလက်မှတ်မှမရှိတဲ့သူ(လူသစ်)ကို ပါတ်စပို့ လုပ်ဆောင်လို့ရတယ် ဆိုပြီး ကျွန်တော်တို့ ကျနေတဲ့ အဲဒီစာရွက်ပေါ်မှာ နာမည်ပြောင်း ဓါတ်ပုံပြောင်းပြီး အစားထိုးပါတ်စပို့ လုပ်ပါတယ် ။ ပြီးမှ အစစ်အမှန် ဖြစ်တဲ့ ကျွန်တော်တို့ကို ဘတ်ကောက်ရုံးက မကျသေးပါ စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲထားပါတယ် ၊ မခြေမငံပြောတာက တစ်မျိုး၊ဟောက်ငေါက်ပြီးတစ်မျိုး ခြိမ်းခြောက်တာက တစ်မျိုး  ပါ။မစောင့်နိုင် ပါက စားရွက်တွေပြန်ယူသွား စရံကတော့ ပြန်မရပါ။ ဒီလိုနှင့် စိတ်ရှည်သီခံ စောင့်လိုက်တော့ ပါတ်စပို့ ရလာပါတယ်။
 ရလာတဲ့ စာအုပ်က ကျွန်တော်ရဲ့ ၁၃ လုံးနံပါတ် အမှန်ဖြစ်သော်လည်း ၁၃ လုံးနံပါတ်တူ စာအုပ် ဘယ်နှအုပ် ထွက်ရှိသွားပြီဆိုသည်ကိုတော့ ကျွန်တော်တို့ မသိရတော့ပါ။ ကျွန်တော်တို့ အစစ်အမှန်စာရွက်ရှိသူများကို ၅၅၀၀ ယူသော်လည်း MOU သမားများမှာ (၁၂၀၀၀ ဘတ်မှ ၁၅၀၀၀)ထိ ပေးကြရပါတယ်။အချိုMOU များမှာ အစစ်အမှန်ဖြစ်ပြီး (၂)လခန့်ကြာအောင် စောင့်ရပါတယ် ။
အတုများကတော့ (၃)ရက်နှင် (၅)ရက်အတွက် ပါတ်စပို့ရတယ် လို့ သိရပါတယ်။”  လို့ သူက ရှင်းပြပါတယ်။
 မဲဆောက်မှာ ဘာတွေဖြစ်နေကြပီလည်းဆိုတာ မတွေးတတ်အောင်ပါဘဲ။ သတင်းရတာကတော့ အဲလိုစာအုပ်ကို အတုသဘောလုပ်ပြီး ဘန်ကောက်တက်တာ ကွန်ပျူတာစစ်တော့ ၁၃ လုံးနံပါတ်က လူပုံ၊လက်ဘွေ တွေမတူတာကြောင့် စာရွက်စာတမ်းအတု လုပ်တယ် ဆိုပြီး ဖမ်းဆီးထောင်ချတယ်ဆိုတာတော့ ကြားသိရပါတယ်။မြန်မာလူမျိုးအချင်းချင်း ဒီလိုမလုပ်စားသင့်ဘူးလို့ ထင်ပါတယ်။အမျိုးကိုစောင့်ရှောက်ရမည်အစားနှိပ်စက်နေသလိုဖြစ်နေပါကြောင်း . . . . ..