Tuesday, August 21, 2012

ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်များ ထုတ်ပေးတော့မည်


ထိုင်းသက္ကရာဇ် ၂၅၅၅ ခုနှစ်အတွက် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် လက်မှတ် များကို ၃၀-၈-၂၀၁၂ ရက်နေ့မှစပြီး သက်ဆိုင်ရာ မြိုနယ် စည်ပင်ရုံးများ(ထစ္စပန်း(စ်)) ရုံးများတွင် အစိုးရ ရုံးသွင်းငွေ (၈၀) ဘတ်ဖြင့် စတင်ဆောင်ရွက်ပေးတော့မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမားရုံးမှ တရားဝင် ကြေငြာလိုက်ပြီဖြစ်သည်။၂၅၅၅ နေထိုင်ခွင့် လက်မှတ် များကို မကြာသေးသောအချိန်က ထိုင်ဘတ် (၅၀၀၀ မှ ၆၀၀၀) အတွင်း ယူပြီး ပြုလုပ်ပေးခဲ့သော်လည်း တရာဝင် ထော်လော်(နေထိုင်ခွင့် ) ဖြစ်မလာခဲ့ဘဲ ငွေကုန်လူပန်းပြီး ပြဿနာများသာ ကျန်ခဲ့ရသည်။ ယခုအခါ တရားဝင် ပြုလုပ်ပေးတော့ မည် ဖြစ်ကြောင်း ကြောငြာလိုက်ပြီ ဖြစ်သဖြင့် မြန်မာအလုပ်သမားများကကြိုဆိုလိုက်ကြကြောင်းသိရသည်။၂၇ ရက်နေ့မှစပြီး ဖောင်များကို အခမဲ့ ရယူနိုင်ပြီး ဖြစ်ကြောင်းလည်း သိရပါသည်။

                                                                                                                     မဲဆောက်သား

Saturday, August 11, 2012

ထိုင်-မြန်မာ နယ်စပ် သောင်းရင်းမြစ်ရေကြီး

ထိုင်း-မြန်မာ နယ်စပ်ကသောင်ရင်းမြစ်ရေဟာ ၈ လပိုင်း လဆန်းကတိုင်းက အဆက်မပြတ်ရွာလိုက်သော မိုးကြောင့် သောင်ရင်းမြစ်ရေဟာ ၁၀-၈-၂၀၁၂ မှာတော့ ထိုင်းဘက်က မဲဆောက်မြို့နယ်ပိုင် မယ့်တော် (ကမ်းနဖူး) နှင့် မြ၀တီဘက်ခြမ်းက ကမ်းနဲ့နီးတဲ့ ရပ်ကွက်အာလုံး ရေ၀င်ရောက်လာပါတယ်။ မြ၀တီဘက်က ပိုပြီ အထိနာခဲ့ရပါတယ် ၁၁-၈-၂၀၁၂ နေလည်ပိုင်းမှာတော့ ရေအနည်းငယ် ပြန်ကျနေပေမယ့် မိုးပြန်ရွာလာတာကြောင့် ရေဆက်တက်လာနိုင်တယ်လို့ သိရပါတယ်။ မဲဆောက်ရေကာတာ ကလည်း ရေပိုဆက်လက်မထိန်းနိုင်တဲ့အတွက် ရေပိုဖောက်ချခဲ့တာကြောင့်လည်း မြစ်ရေ ပိုတက်ခဲ့တယ်လို့ ပြောကြပါတယ်။ ၁၀ ရက်နေညနေပိုင်းက မိုးကုတ်ဂိတ်၊ဇီးတောဂိတ် စသည် နာမည်ကြီး လှေဂိတ်များပိတ်ခဲ့ရပြီး ၁၁ ရက်နေ့ နေ့လည်ပိုင်းမှတော့ ပြန်ပြီး ဖွင့်ခဲ့ပါတယ်။မြစ်ရေတက်နေတဲ့အတွက် ကုန်သည်များနစ်နာကြရတယ်လို့ သိရပြီး ရေနစ်နေတဲ့ မိသားစုတွေအတွက် မြ၀တီမြို့ အုပ်ချုပ်ရေးအာဏာပိုင်တို့က ကယ်ဆယ်ရေးစခန်းများဖွင့်လှစ် ကူညီနေကြပါတယ်။ မဲဆောက်ဘက်ခြမ်း ၁၂ ဂိတ်ကဲ့သို့ ကားများထားရှိသည့် ဂိတ်များလည်း ရေ၀င်နေပြီဖြစ်ပါတယ်။