Wednesday, February 29, 2012

၂၈ ရက်သက်တမ်းကုန်ဘတ်များ နှင့် ပါတ်စပို့

မဲဆောက်သားလေး  ၁-၃-၂၀၁၂

၂ လပိုင်း ၂၈ ရက်နေ့က သက်တမ်းကုန်သွားတဲ့ အလုပ် လုပ်ကိုင်ခွင့်ဘတ်များ ကိုင်ဆောင်ထားပြီး လက်တွင်း ပါတ်စပို့ ကိုင်ဆောင်ထားသူများကို ထိုင်းပလိပ်များက အရေးယူဖမ်းဆီးနေပါပြီ။ ပါတ်စပို့ရှိနေပြီး ၂၈ ရက်နေ့က သက်တမ်းကုန်တဲ့ ဘတ်ကို ဆက်ကိုင်လို့မရပါဘူးတဲ့။ဖမ်းပါတယ်။သက်တမ်းဆက် ဖို့ သွေးစစ်ရမှာ ဖြစ်ပြီး (၁၉၀၀) ဘတ်ကုန်ကျမှာဖြစ်ပါတယ်။ ဘတ်အတွက်ကတော့ (၁၀၀၀)ပါ ဒါကတော့ ၁ နှစ်အတွက်ဖြစ်ပြီး  ၂ နှစ်အတွက် တစ်ခါတည်း လုပ်ထားနိုင်ပါတယ် လို့ ပြောပါတယ်။
၂ နှစ်အတွက် ဆိုရင်တော့ ဆေးရုံမှာ ၂ နှစ်စာ (၁၉၀၀ x ၂) ဖြစ်ပြီး အလုပ်သမားရုံးမှာလည်း (၁၀၀၀x ၂) ဖြစ်ပါတယ်။ ဒါကြောင် ၅၈၀၀ ဘတ်လောက်ထပ်ကုန်ကျနိုင်တယ်လို့ သိရပါတယ်။


       မဲဆောက်သားလေး

Thursday, February 23, 2012

မဲဆောက်မြို့တွင်း မြန်မာဆိုင်များ ပိတ်လိုက် ဖွင့်လိုက်

မဲဆောက် 23-2-2012
  မဲဆောက်ဈေးကြီးအတွင်း အဖမ်းအစီးများ မကြာခင်ရက်က ပြုလုပ်ပြီး နောက်နေများတွင် မြန်မာပိုင်ဆိုင်
များကိုလည်း ထိုင်းလူမျိုးတို့ လုပ်ငန်းကို လုပ်ကိုင်သည်ဟု ဆိုက လိုက်လံစစ်ဆေးဖမ်းစီးမည်ဟုသော
သတင်းများပေါ်ထွက်ခဲ့ပြီး နောက်နေတွင်ပင် လိုက်လံစစ်ဆေးနေရာ မဲဆောက်အပေါ်ဈေး ဖိုးထူးကဖေး
ရှိရာလမ်းကြားရှိ ဆိုင်များအပါအ၀င် ဈေးအတွင်းရှိဆိုင်များမှာ ပိတ်လိုက် ဖွင့်လိုက်ဖြင့် မ၀ံမရဲ လုပ်ဆောင်နေကြရသည်။ဈေးအတွင်းမှ မြန်မာလူမျိုး ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပြရာတွင်
“ ဈေးထဲလာလာဖမ်းတယ်ဗျာ သစ္စာပန်းလိုင်စင်ရှိလည်းမရဘူး အခွန်လိုင်စင်လုပ်ရမယ်” လိုပြောပြပါတယ်
သို့သော် ထိုင်းလူမျိုးအမည်ဖြင့် လုပ်ရမည်ြဖစ်ပြီး  တစ်နှစ် ဘတ် ၁၅၀၀ ခန့်ပေးဆောင်ကြရမည်ဖြစ်ကြောင်းသိရပါတယ်။ဆိုင်အမျိုးအစား အကြီးအသေး ပေါ်မူတည်ပြီး တန်ဖိုးသတ်မှတ်တာဖြစ်ပါတယ် အခွန်ငွေကိုတော့ ခွဲဆောင်ခွင့် ရှိကြောင်းသို့သော် လုပ်ငန်းတစ်မျိုးတည်းအတွက်ကို ဆောင်ရတာမျိုး လို့ ပြောပြပါတယ်။ဥပမာ ဆိုင်က မိတ္တူဆိုင်ဆိုရင်  မိတ္တူကူးတဲ့ လိုင်စင်က တစ်ခု  ဓါတ်ပုံရိုက်ရင် ဓါတ်ပုံလိုင်စင်အတွက် ထပ်ဆောင်းဆောင်ရမယ်လို့ ပြောပါတယ်။၂ လပိုင်းအတွင်း မဲဆောက်နေရာတိုင်းလိုလို ပလိပ်များကို တွေနေရပြီးစစ်ဆေးဖမ်းစီးနေကြကြောင်းပါ။ထူးခြားတာကတော့မဲဆောက်တွင်ပါတ်စပို့လုပ်သောကုမ္မဏီများတစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကြပါတယ်
ဈေးအပြိုင်လျှော့ပေးကြရာတစ်ဦး (လူဟောင်း) အတွက် ၄၀၀၀ ဘတ်အထိ ကျဆင်းနေကြောင်းလည်း သိရပါတယ်။

                                                                                                                   မဲဆောက်သားလေး

Saturday, February 18, 2012

မဲဆောက်က မြန်မာလုပ်ငန်းများအတွက် . . . .သတိပြုရန်


မဲဆောက်  ၁၈-၂-၂၀၁၂
 မဲဆောက်မြို့ ဈေးကြီးအတွင်း  ၁၆-၂-၂၀၁၂ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံစစ်တပ်နှင့် ရဲများပူးပေါင်းအဖွဲများသည် အဖွဲ့လိုက်စုပြီး ဈေးကို ၀ိုင်းဝန်ဖမ်းဆီးကြရာ မြန်မာနိုင်ငံသား လက်မှတ်မရှိသူ ၂၀၀ ကျော်ခန့်အဖမ်းအစီးခံခဲ့ရ ပါတယ်။ ဒီလိုဖမ်းဆီးစဉ် လက်မှတ်ရှိပြီး ဈေးရောင်းသူများကိုလည်း ဖမ်းဆီးသွားပါတယ်။
နောက်ဆုံးကြားသိရတာကတော့ ဈေးရောင်းတဲ့ သူတွေဟာ ထိုင်းနိုင်ငံသားတွေရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကို လုပြီး လုပ်ဆောင်တယ် ဆိုတဲ့ ပုဒ်မနဲ့ပါ (ဒီဥပဒေနဲ့ ဆိုရင် ထောင် ၆လ ကျခံရပါတယ်)ယခု ဖမ်းခံရတဲ့ သူတွေကို တရားစွဲဆိုဖို့ လုပ်ဆောင်နေပြီလို့လည်း ကြားသိရပါတယ်။
မဲဆောက်ဒေသတွင် မြန်မာလူမျိုးပိုင် ကွမ်းယာဆိုင်၊ကုန်စုံဆိုင်၊လမ်းဘေးဈေးဆိုင်ငယ်များမှစပြီး ကွန်ပြူတာ ဓါတ်ပုံဆိုင် များအထိ ရှိပါတယ်။ဒီဆိုင်တွေအားလုံးကို လာမယ် မတ်လ ဆန်းတာနဲ့ စပြီးပိုက်စိုက်တိုက်ဖမ်း ဆီးအရေးယူမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းတာဝန်ရှိသူတစ်ဦးက ရင်နှီးသူမြန်မာမိတ် ဆွေဆိုင်များကို သတိပေး ပါတယ်။ (သစ္စာပန်း-စည်ပင်သာယာ)လိုင်စင်ရှိသော်လည်း မရကြောင်း မြန်မာပြည်သားဖြစ်သည့်အတွက် မရကြောင်း ထိုင်းနိုင်ငံသားတို့ လုပ်ရမယ့် အလုပ်ကို လုလုပ်တာဘဲဖြစ်တယ်လို့ ဆိုပါတယ်။တစ်ကယ်လို့ ဆိုင်ဖွင့်မယ်ဆိုရင် ထိုင်းနိုင်ငံသား တစ်ဦးအမည်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်စဉ် ၀င်ငွေခွန်နှင့် အခြားသတ်မှတ်ထားသောအခွန်အခများ ကိုပေးဆောင်ကြ ရမည်ဖြစ်ပါသည်။ထို့သို့ပေးဆောင်ရမည်ဆိုလျှင် ရိုးရိုးသာမန်ကွမ်းယာဆိုင်တစ်ဆိုင်ပင် တစ်နှစ်ဘတ် (၃၀၀၀) ခန့်ရှိကြောင်းသိရသည်။ဆိုင်လိုင်စင်မှာ ထိုင်းလူမျိုးဖြစ်သော်လည်း လုပ်ကိုင်သူမြန်မာများမှာ ထိုထိုင်းလူမျိုး၏ အလုပ်သမားလက်မှတ်ဖြင့်သာ လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ်ပြီး ပါတ်စပို့ရှိရန်လည်း လိုအပ်ကြောင်း သိရသည်။ မတ်လအတွင်း လက်မှတ်မဲ့များ၊မြန်မာပိုင် ဆိုင်များ၊လုပ်ငန်းများကို တိတိကျကျကိုင်တွယ်ဖို့လုပ်ဆောင်နေပါပြီ လို့လည်းသိရပါတယ်။
                                                   မဲဆောက်သားလေး

Thursday, February 16, 2012

ယနေ့ ၁၆-၂-၂၀၁၂ နံနက်ပိုင်း မဲဆောက်ဈေးအတွင်း ထိုင်းစစ်တပ် မှ စစ်ဆေးဖမ်းဆီး

မဲဆောက် ၁၆-၂-၂၀၁၂
၁၆-၂-၂၀၁၂နံနက်ပိုင်းက မဲဆောက်ဈေးအတွင်း ထိုင်းစစ်တပ်တာဝန်ရှိသူများ က ဈေးရဲ့  နေရာတော်တော်များများ ကို အဖွဲ့များခွဲပြီး တစ်ပြိုင်တည်း ၀င်ရောက်၍ နေထိုင်ခွင့်နှင့် ပါတ်စပို့များကို စစ်ဆေးခဲ့ပါတယ်။ဒီလိုစစ်ဆေးရာမှာ နေထိုင်အလုပ်လုပ်ခွင့် လက်မှတ် မရှိသူများနှင့် သက်တမ်းကုန်ဆုံးနေသူများကို ဖမ်းဆီးသွားပြီး ယခုလ (၂၈) ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် လက်မှတ်ကိုင်ဆောင်ထားသူများကိုလည်း ပါတ်စပို့လျှောက်ထားသော အထောက်အထားပြခိုင်းပြီး မပြနိုင်ပါက သက်ဆိုင်ရာသို့ ခေါ်ဆောင်သွားကြတယ်လို့ ဈေးအတွင်းက မျက်မြင်သက်သေတစ် ဦးက ပြောပါတယ်။ ဒီနေ့မနက်ဖမ်းဆီးတာဟာ နေရာတော်တော်များများကို ပိတ်ပြီးဖမ်းတာမို့ မလွတ်ကြဘူးလို့လည်းပြောပြပါတယ် ။ဒီကနေ့ ၁၆ ရက်နေ့ဟာ မဲဆောက်စက်ရုံများလ၀က် လစာထုတ်ရက်လည်းဖြစ်သဖြင့် ဈေးအတွင်းလူစည်ကားသောရက်ဖြစ်ကြောင်းလည်း ရှင်းပြပါတယ်။
  မဲဆောက်က အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကတော့ ဘန်ကောက်မြို့တွင် အီရန်နိုင်ငံသား ဗုံးခွဲသည့် ကိစ္စနှင့်များပါတ်သက်သလားမသိဘူး ဟုပြောဆိုသုံးသပ်နေပါတယ်။သက်ဆိုင်ခြင်းရှိ/မရှိကိုမူ မသိရပါ။ မဲဆောက်ကအလုပ်သမားတစ်ဦးကလည်း “ပါတ်စပို့လည်းလုပ်ရ ဘတ်လည်းလုပ်ရ ဆိုတဲ့အတွက် ငွေက သောင်းချီကုန်တယ် မလုပ်နိုင်ဘူး အခုဖမ်းတော့လည်း ရက်ရက်စက်စက်ဘဲ” ဟု ပြောပြပါတယ်။

   မဲဆောက်သားလေး

Thursday, February 2, 2012

ရက်ကျော်အလုပ်သမားပါတ်စပို့ ဒဏ်ကြေးငွေ ဘတ် ထောင်ချီပေးဆောင်ရ


                                                   ရက် (၉၀)သတ်မှတ်ထားတာပါ


မဲဆောက်တွင် လွန်ခဲ့သောနှစ်ကပြုလုပ်ထားသော ပါတ်စပို့သမားများ ရက် (၉၀)လျှင်တစ်ကြိမ် သက်တမ်းတိုးကြရာတွင်ရက်ကျော်ပါကဘတ်ငွေ ထောင်ချီဒဏ်ကြေးပေးဆောင်ရကြောင်းကြားသိရပါတယ်။ ထို့သို့သွားရောက်ပြီး သက်တမ်းအတွက် ဆောင်ရွက်ရာတွင် ရက်မကျော်ပါက ဘတ်ငွေ (၂၀) သာပေးဆောင်ရပြီး ရက်ကျော်ပါက ဘတ်ငွေ ထောင်ချီပေးဆောင်နေရသည့်ဟု (၈)ရက်ခန့်ရက်ကျော် ခဲ့သဖြင့် ဒဏ်ကြေးငွေ ထောင်ကျော်ပေးဆောင်ခဲ့ရသော ပါတ်စပို့အတွက် လက်မှတ်ထိုးရသော အလုပ်သမားတစ်ဦးက ပြောပြခဲ့ပါတယ်။သူအနေနဲ့ (၂)လပိုင်း (၂၈)ရက်တွင် ကုန်ဆုံးတော့မယ်အလုပ် သမားလက်မှတ်သက်တမ်းတိုးရေးတို့ကြောင့် ငွေကြေးအခက်အခဲရှိနေခဲ့ကြောင်း ပြောပြပါတယ်။(၂)လပိုင်းအလုပ်သမားသက်တမ်း မတိုးပါက သူကိုင်ဆောင်ထားသော ပါတ်စပို့မှာ ထိုင်းနိုင်ငံအတွင်း အသုံးပြုရန် မလွယ်ကူနိုင်ကြောင်း လည်း ပြောပြပါတယ်။