Monday, October 22, 2012

မြန်မာနိုင်ငံသားများကို ထိုင်းအလုပ်သမားဌာနသတိပေး



မြန်မာနိုင်ငံသားများကို ပါတ်စပို့လုပ်ရန်နှင့် အလုပ်လုပ်ခွင့် ( Work Permit) လုပ်ရန်အတွက် မဲဆောက်မြို့ အလုပ်သမားရုံးရှေ့တွင် ဆိုင်ဘုတ် ကြီးထောင် ကာ အရေးပေါ်သတိပေးချက်အဖြစ် ထုတ်ပြန်ထားပြီဖြစ်သည်။ သြဂုတ်လ (၁၀) ရက်နေက လျှောက်လွှာအပြီးတင်ပြရမည် ဖြစ်ပြီး ဒီဇင်ဘာလ(၁၄) ရက်နေ့ တွင် Work Permit လုပ်ငန်းများအပြီးပြုလုပ်ရမည်ဖြစ်ကြေင်း ပါရှိသည်။ အကယ်၍ မပြုလုပ်ပါက ထိုင်းဥပဒေ BE 2522 အရ ထောင်ဒဏ် (၅) နှစ် ငွေဒဏ် (၅၀၀၀) ဖြစ်ကြောင်း လည်း ကြေငြာတွင် ပါရှိသည်။ ထိုင်း အလုပ်သမားဌာနမှ ၀န်ထမ်းတစ် ဦး၏ ပြောကြားချက်အရ သူတို့ဆီမှာ လာပြီး (W0rk Permit) လာလုပ်တဲ့ သူက ပါတ်စပို့ လုပ်တဲ့သူရဲ့ ၈၀% ကျော်လောက်ဘဲ ရှိနေပြီး ကျန်လူများ လာရောက်လျှောက်ထားခြင်း မရှိဘူး လို့ ပြောပြပါတယ်၊ ဒီဇင်ဘာလကုန်တာနဲ့ ထိုင်လုံခြုံရေး တာဝန်ရှိသူတွေစစ်ဆေးတဲ့အခါ (Work Permit) မပါရှိဘူးဆိုရင် ကိုင်ဆောင်ထားတဲ့ ပါတ်စပို့ကို သိမ်းတာမျိုး ဒါမှမဟုတ် အရေးယူတာ မျိုးတွေ ရှိနိုင်တယ် နောက်တစ်ခုက အခု ယာယီနိုင်ငံကူးလက်မှတ်က အလုပ် လုပ်မယ့် အလုပ်သမားကို ထုတ်ပေး တဲ့စာအုပ်ဖြစ်တဲ့အတွက် ထိုင်းအလုပ်သမားရုံးကပေးတဲ့ ထိုင်း(Work Permit) လက်မှတ်ဘဲဖြစ်ဖြစ် စာအုပ်အပြာရောင် ဘဲဖြစ်ဖြစ် ပါတ်စပို့နဲ့ တွဲပြီး ကိုင်ဆောင်မှ တရားဝင်တာပါ လို့ ပြောပြ ပါတယ်။ အလုပ်သမားပါတ်စပို့ ကိုင်ဆောင်သူအနေနဲ့ work permit ရှိရင်တောင်မှ ရက် (၉၀) စာရွက်သက်တမ်းမတိုးမီရင်တော့ လုံခြုံရေးမှူးတွေက အရေးယူနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

                                                                                                                                                                                                                                   မဲဆောက်သားလေး

Friday, October 19, 2012

ဖားအံ-ကောကရိတ်-မြ၀တီလမ်းပေါ်မှ လိုင်စင်မဲ့ကားများဥပဒေနှင့်အညီ တင်ကြပ်တော့မည်




ကရင်ပြည်နယ်အတွင်းက လိုင်စင်မဲ့ကားများကိစ္စကို ရထားဝန်ကြီး အသစ်တက်လာပြီးနောက်ပိုင်း အရေးယူလိမ့်မည် ဟု ထင်ကြေးပေးခဲ့ကြသည့်အတိုင်းအမှန်တစ်ကယ်ဖြစ်လာပြီး ဖားအံ ပြည်နယ်ရဲ့ တပ်ဖွဲ့မှူးရုံးဝင်းနှင့်   အစိုးရ ရုံးဌာနနေရာလွတ်များတွင် ဖမ်းဆီးခံရသော လိုင်စင်မဲ့ ကားများဖြင့်  ပြည်နေ ပါတော့တယ်လမ်းပိုင်းရှိ ဂျိုင်းတံတား(ကောကရိတ်) နှင့် ဂျိုင်း (ဇာသပြင်) နှစ်ခုလုံး အလွန်တင်ကြပ်ပြီး ငြိမ်းအဖွဲ့များ၏ လက်တာဟက်(ထောက်ခံချက်) ဖြင့်ပင် သွားလာမရ ဖြစ်ကြရပြီးထိရောက်စွာ အရေး ယူနေပြီဖြစ်သည်။ထို့သို့အရေးယူနေရာမှ ယခု နောက်ဆုံး ပြည်နယ်အစိုးရအဖွဲ့နှင့် အလွန် နီးစပ်သူတစ် ဦးက ဖားအံ-ကောကရိတ်-မြ၀တီ စသည့် မြို့များတွင်လမ်းများတွင် သွားနေသော လိုင်စင်မဲ့ကား များအား တားဆီ ဖမ်းဆီးရန်အတွက်အစီအစဉ်များ ပြောကြားနေကြကြောင်း နမိတ်ပြပြောဆိုနေ ပြီးမိတ်ဆွေများကို လည်း အမြန်ရောင်ချရန်တိုက်တွန်းလျှက်ရှိပါတယ်။မြ၀တီ မြို့ခံများကမူ ယခင်ကထို့သို့ ဖမ်းဆီးခဲ့မှု့များရှိပြီး အဆိုပါကိစ္စကို မကြေနယ်ဖြစ်ကြရာကစပြီး စစ်ပြေးရသည့်အထိ ဖြစ်ခဲ့ကြရသော မကြာသေးသော အချိန်ကသမိုင်းရှိခဲ့ဖူးသဖြင့် ထိုကဲ့သို့ လုပ်ဆောင်ရန် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သုံးသပ်ကြ သည်။မည်သို့ပင်ဆိုစေ တစ်ဘက်ကမ်း (၁၃-၁၂) စသည့်ဂိတ်များတွင်ကားအရောင်းအ၀ယ်မှာ အလုပ်ဖြစ်နေ ပြီး ကားဈေးမှာ သိသိသာသာ ကျဆင်းသွားခြင်းမရှိကြောင်းကားကုန်သည်တစ်ဦးက ဆိုပါတယ် သူလမ်းကြောင်းနဲ့သူကတော့ ရှိနေတာဘဲ လိုလည်း ပြောပြပါတယ်၊ အရောင်းအ၀ယ် အပျက်ပါဘူး လိုသူကဆိုပါတယ်။ အခြားသတင်းတစ်ခုကတော့ မြ၀တီ-ကောကရိတ်တွင် ကားဖမ်းမိပါက နေရာတွင်ပင် ချက်ချင်း အခွန်ဆောင်ပြီးပြည်နယ်လိုင်စင် လုပ်စေမှာဖြစ်တယ်လိုလည်း အတည်မပြုနိုင်သော သတင်းများက ကြားနေရပါကြောင်း . . . . .


                                                                                                                          မြ၀တီသား

Monday, October 1, 2012

မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုံမှ အကောက်ခွန်တို့အကြောင်း

     မြ၀တီကုန်သွယ်ရေးဇုံက အကောက်ခွန်ဝန်တမ်းများအကြောင်းကို အင်တာနက်စာမျက်နာတွေမှာဖတ်နေရတော့ အမှန်တစ်ကယ် ဟုတ်မဟုတ်ဆိုတာကို သိနိုင်ဖို့အတွက် မဲဆောက်သားလေးတို့ ကုန်သွယ်ရေးဇုံကို တစ်ခေါက်ရောက်ခဲ့ပါတယ်။ ကုန်သွယ်ရေးဇုံကို ရောက်တော့ ယဉ်တန်းအဆင်းနေ့ဖြစ်တာမို့ တော်တော်လေး စည်ကားနေတာပါဘဲ။သတင်းတွေထွက်နေသလိုဘဲ လားဆိုပြီးတော့ အကောက်ခွန်ဂိတ်နားကို အသာလေးတိုးသွားကြည့်ပါတယ်၊ ကားသမား ကုန်သည်တို့အပြင် ဌာနပေါင်းစုံက လူကြီးတွေ အဖွဲ့အစည်းအစုံက လူကြီးတွေငြိမ်အဖွဲ့က အရာရှိတွေ စုံလိုပါဘဲ ပါတ်သက်ရာ ပါတ်သက်ကြောင်းလေးတွေ လာလုပ်ပေးနေကြတာပါ။ ဒီလိုလာကြတဲ့ အထဲက ကုန်သည်တစ်ချို့ရဲ့ အကောက်ခွန်တို့ကို ဆဲရေးတိုင်ထွာနေကြပုံကိုလည်း ရယ်စရာ အဖြစ်တွေရပြီး ဘယ်လို ဘဲ နားမခံသာအောင်ပြောပြော အရေထူလှတဲ့ အကောက်ခွန် ၀န်ထမ်းတို့ရဲ့ သိခံနိုင်စွမ်းအားက လည်းတရာစခန်းကဆရာတော်ပင်အရှုံးပေးရလောက်ပါပေသည်။သို့သော် ငွေတောင်းသည့်နေရာမှာတော့ မည်သူမည်ဝါ မည်သူနှင့်ပါတ် သက်သည် ဆိုသည်ကို လုံးဝ မထောက် ထားတတ်တာကတော့ အမှန်တစ်ကယ် နိုင်ငံတော်က အခွန်စစ်စစ် မှန်မှန်ရ မည်ဆို လျှင် ကောင်းသောအချက်ဖြစ်သော်လည်း  ကိုယ်ကြိုး အတွက် ဖြစ်နေသည်ကိုတော့ ၀မ်းနည်း စွာတွေ ရတော့ သည်။ ၁၀၀ ဆောင်ရမည့် နေရာတွင် ၂၀၀ တောင်းလိုက်ပြီး သူ့အတွက် ၅၀ ပေးပါက ၃၀ လို့ ရေးပေးတတ်တာကတော့ သူရဲ့အကျင့်ဖြစ်နေ ပါပြီလို့ အဲဒီဇုံးမှာ အလုပ်လုပ်တာကြာပြီဖြစ်သည့် အကောက်ခွန်ပွဲစားကြီးက ရှင်းပြပါတယ်။ အော်ဒါကြောင့် အင်တာနက်မှာ ပြန့်နေတဲ့ သူတို့ရဲ့သတင်းက မှန်နေတာပါလားလို့ မဲဆောက်သားလေးတို့ တွေးရင်း . . . .

                                                                                                       မြ၀တီဇုံသို့ တစ်ခေါက်ရောက်ခဲ့တဲ့

လိုင်စင်မဲ့ကားများဖမ်းဆီး

စက်တင်ဘာလ ၂၅ ရက်မှ ၂၈ ရက်အတွင်းဘာအံဂိတ်တွေမှာလိုင်စင်မဲ့ကားများဖမ်းထားတယ်လို့သိရပါတယ်။
ဒီလိုဖမ်းဆီးခံရတဲ့ ကား( ၁၇) စီးကျော်ရှိတယ်။ဒီလိုင်စင်မဲ့ကားတွေကို အခုလိုဖမ်းဆီးရတာကတော့
လိုင်စင်မဲ့ ကားစီးလာပြီး ဂိတ်ကတာဝန်ကျ ၀န်ထမ်းတွေကို မခြေမငံပြောဆိုတာတွေလည်း ရှိပြီး ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်
လိုင်စင်မဲ့ ကားတွေကို စတင်ဖမ်းဆီးနေပြီဖြစ်ပြီး ကောကရိတ်နှင့် မြ၀တီ တို့တွင်လည်း စစ်ဆေးမှု့များ မကြာမှီပြုလုပ်မည်ဟု သိရသည်
ဖမ်းဆီးရရှိသည့်ကားများကို လိုင်စင်ပြုလုပ်စေမှာဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ် (အတိအကျတော့ မသိရသေးပါဘူး)
ငြိမ်းအဖွဲ့တွေကို ကားလိုင်စင်ကိစ္စဆောင်ရွက်ပေးနေပြီးဖြစ်လို့ နောက်ကို ငြိမ်အဖွဲ့အမည်နဲ့ ကားတွေစီးလို့ ရ မရကိုတော့ မသိရသေးဘူးလို့
ငြိမ်းအဖွဲ့တစ်ဖွဲက တာဝန်ရှိသူတစ်ယောက်ကပြောပြပါတယ်။မြ၀တီ၊ကောကရိတ်နဲ့ ဖာအံ-မော်လမြိုင် မြို့တွေက လိုင်စင်မဲ့ကားတွေ ကို ပေါင်းကြည့်ရင် အစီးရေ သောင်ကျော်ရှိ
တယ်လို့ လည်း သိရပါတယ်။ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကနေ မြ၀တီကို တစ်ညကို ကားအစီးရေ ၃၀ မှ ၇၀ အတွင်း ၀င်ရောက်လျှက်ရှိပါတယ်ခင်ဗျာ။

                                                                                                                                          မြ၀တီသား