Thursday, November 1, 2012

လိုင်စင်မဲ့ကားများအား အဖွဲ့စုံဖြင့် အရေးယူမည်

ကရင်ပြည်နယ် မြ၀တီမှတဆင့် မြန်မာနိုင်ငံအနှံ ပို့ဆောင်နေသော လိုင်စင်မဲ့ကားများအား သက်ဆိုင်ရာမှ ထိရောက်စွာအရေးယူနိုင်ရန်အတွက် ဂျိုင်းတံတား (ဇာသပြင်) နှင့် ကျိုက်ထို မြို့များတွင် အဖွဲ့စုံပါဝင်သော စစ်ဆေးရေးအဖွဲ့များရောက်ရှိ စစ်ဆေးအရေးယူနေပြီလို့ သိရပါတယ်။ဖားအံကလာတဲ့ သတင်းအရတော့ အဲဒီအဖွဲ့စုံမှာ ထူးခြားတဲ့ အချက်တစ်ချက်ပါတယ် အဲဒါက ပြည်တွင်းသတင်းထောက်တွေ ဂျာနယ်လစ် တွေပါ အဖွဲ့နဲ့တူတူပါလာကြတယ် လို့ဆိုပါတယ် အကောက်ခွန်ဝန်ထမ်းတွေလည်းပါလြာ
ပီး အခွန်မဲ့ပစ္စည်းတွေကိုလည်း စစ်ဆေးမှာပါ။ အဖွဲ့မှာ က.ည.န က အရာရှိတွေလည်း ပါလာမှာဖြစ်ပြီး အစစ်ကဲ့သို့ပြုလုပ်ထားသောလိုင်စင်အတုများကိုလည်း စစ်ဆေးအရေးယူမယ်လိုသိရပါတယ်မီဒီယာပါလာတော့ အဖွဲ့စုံကလူတွေလည်း ဥပဒေအတိုင်းလုပ်ကြမယ်လို မျှော်လင့်ရတယ် မြန်မာပြည်ကမီဒီယာသမား ဂျာနယ်လစ်တွေလည်း လဒ်မစားလောက်ပါဘူး ဟု ထိုသူက ပြောပါတယ်။ ကောကရိတ်-မြ၀တီဘက်မှာ ရှိနေတဲ့ ကားတွေကိုတော့ စစ်ဆေးမယ် မကြားရပေမယ့် စစ်ဆေးနိုင်ခြေရှိတယ်လိုလည်း ပြောဆိုနေကြပါတယ်။ မြန်မာဘက်ခြမ်းတွင် ယခုကဲ့သို့ အဖွဲ့စုံဖြင့် ဖမ်းဆီးအရေးယူနေသော်လည်း ထိုင်းဘက် ၁၂-၁၃-၁၄ ဂိတ်များတွင် ကားအရောင်းအ၀ယ် ကောင်းနေပြီး ကားဈေးများသိသိသာသာကျဆင်းခြင်း မရှိကြောင်းသိရပါတယ်။ အရောင်းအ၀ယ်ဆက်ဖြစ်နေပြီး ကားလုပ်ငန်း လုပ်ရိုးလုပ်စဉ်များမှာ အပြောင်အလည်း မရှိကြောင်း သိရသည် ။မြ၀တီက ကားသမားများရဲ့အဆိုအရ ယနေ့အထိဖမ်းဆီးအရေးယူခံရသူပေါင်း ရာဂ ဏန်းလောက်ရှိနေပြီလို့ သိရပါတယ်။
                                                                                                            မြ၀တီသား