Friday, February 15, 2013

မြ၀တီ နယ်စပ်တံတား ပတ်လမ်း လမ်းရှင်းပေးစေလို


မြ၀တီမြို့ ကြက်သရေဆောင် မြ၀တီ-မဲဆောက် နယ်စပ်တံတားကြီး၏ ပတ်လမ်းသည် ကားတစ်စီးသာသွားနိုင်သော လမ်းကျင်းလေးဖြစ်ပါတယ် ။သို့ပါသော်လည်း အဆိုပါလမ်းတွင် စည်းကမ်းမဲ့ ရပ်ထားသော ကားများကြောင့် တံတားအောက်ပါတ်လမ်းတွင်း ကားပင်သွားမရအောင် ဖြစ်ပြီး တံတာထိပ်တွင် ယဉ်များဖြင့် လမ်းပိတ်ပြီး ကြပ်ညတ် နေပါတော့တယ် ၊ မြ၀တီတံတားပတ်လမ်းတွင် အဖြူ-အနီ ကြားသုတ်ထားသော်လည်း ကားများ စည်းကမ်းမဲ့ ရပ်နေသည်ကို မည်သည့် ယဉ်ထိန်းရဲမှ လာရောက်အရေးယူခြင်းလုံးဝ(လုံးဝ)မရှိပါဘူး။တံတားပတ်လမ်းမှာအလွန်ကျင်းလှသဖြင့် နေ့ဘက်ယဉ်ရပ် နားခြင်း ရပ်တန်ပြီး စာကားပြောနေခြင်း၊ခရီးသည် အတင်အချ၊ကုန်ပစ္စည်းအတင် အချ ပြလုပ်ခြင်းများကို သက်ဆိုင်ရာက အဘယ်ကြောင့် မတားဆီသည်ကို မသိရပါ။ မြ၀တီတံတားတွင် တာဝန်ကျနေသော ၀န်ထမ်းများမှာ ကလေးများ မဟုတ် ပြန်တမ်းဝင် အရာရှိများ ပါဝင်ဦးဆောင်နေကြသည်ဖြစ်ပြီး ဌာနအစုံက ပြန်တမ်းဝင်အရာရှိကြီးများဖြစ်ပါလျှက် နေစဉ်ကြုံတွေနေရသော ယဉ်ကြေပိတ်ဆိုမှု့နှင့် တံတားပတ်လမ်းအတွင်း ယဉ်ပိတ်ဆိုနေမှု့မှာ မဆိုင်သလို အဘယ်ကြောင့်နေရသည်ကို မသိ့ပါ။မဲဆောက်သို့ သွားမည့် ကားတစ်စီးလောက်လည်း စိတ်ဝင်စားပုံမပေါ်ပါ။ဒီလိုလမ်းရှင်းရတဲ့ အလုပ်က သူတို့ အလုပ်မဟုတ်ဘဲ ယဉ်ထိန်းရဲ ၏ တာဝန်သာဖြစ်သည်ဟု သာပြောဆိုနေမည်ဖြစ်ပြီး အမြင်မတော်လျှင်မပြောတတ်သောထိုအရာရှိကြီးများ၏၀န်ထမ်းစိတ်ဓါတ်ကိုလည်း လေ့စားမိ့လျက်   မြ၀တီက ယဉ်ထိန်းရဲ့များလည်း ကုန်ကားများနောက်သို့ပြေးလိုက်နေခြင်းအား အနည်းငယ်လျှော့လျက် စည်းကမ်းကိုလည်း စနစ်တကျ ထိမ်းသိမ်းပေးနိုင်ပါရန် တင်ပြရပါသည်။မြ၀တီမြို့ဟာ ခရိုင်အဆင့် ဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှုးတစ်ဦးအုပ်ချုပ်ပါတယ်။ခရိုင်အုပ်ချုပ်ရေးမှူးကြီးအနေနှင့်လည်းအစည်းအဝေးများ တက်နေရသဖြင့်တံတားထိပ်နှင့် တံတားပတ်လမ်းကို စတင်ပြောင်းရွေ့လာစဉ်ကတိုင်းက တစ်ခေါက်မှ မရောက်ဖူးသေးဟုသာ ကျွန်တော်တို့ မှတ်ယူထားရပါကြောင်းလည်း စကားချပ် ရပါတယ်ဗျာ။

မြ၀တီသား ကားသမား

Thursday, January 3, 2013

မြ၀တီမြို့တွင် ၃-၁-၂၀၁၃ ရက် မနက် ၀၀း၃၀ က မီးလောင်

မြ၀တီမြို့ အမှတ် ( ၁) ရပ်ကွက်တွင် ၃-၁-၂၀၁၃ ခုနှစ် နံနက် ၀၀း၃၀ က မီးလောင်ကြွမ်းရာတွင် အိမ်ခြေ ၃ လုံးခန့်ပါရှိပြီး (၈) နှစ်အရွက် မိန်းကလေးတစ်ဦး သေဆုံးသွားပါတယ်၊မီးလောင်ရာသို့ သက်ဆိုင်ရာမီးသတ် တပ်ဖွဲ့ဝင်များလာရောက်ပြီး ရပ်ကွက်သူ/သား များနှင့်အတူ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။