Sunday, January 22, 2012

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုး အလုပ်သမားတို့ဘဝ

ကျော်ဇင်းမင်း(မဲဆောက်ညဈေး) ၏ ဆောင်းပါးကို ဖော်ပြပါတယ်                 

          ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က စပြီး တစ်စတစ်စ ဆိုသလို့ ဆင်းရဲ ကြပ်တည်း လာကြရပါတယ်။ဒီတော့ ကျွန်တော်တို့ နိုင်ငံမှာ ဘာအလုပ်မှ မလုပ်နိုင် အလုပ်အကိုင်အခွင့်အလမ်းကလည်း အရမ်းကိုနည်းလာတော့ ပြည်ပ နိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ကြရပါတယ်။
          ဒီလိုပြောတော့ ပြည်ပနိုင်ငံ ဆိုလို့အထင်မကြီးလိုက်ပါနဲ့ ကျွန်တော်တင်ပြမယ် နိုင်ငံက ထိုင်းပါ  ကျွန်တော်တို့က ဈေးကြီးပေးရတဲ့ ဂျပန် လို့ ဘယ်သွားနိုင်ကြမလည်း ဒီတော့ နယ်စပ်ကို ဖြတ်ပြီး ထိုင်းကိုဝင်ရတယ်လေ  တာချီလိပ်၊မဲဆောက် ၊ဘုရားသုံးဆူး  ဆိုတဲ့နေရာတွေကနေ ၀င်ကြ အလုပ်လုပ်ကြတာပေါ့။ဒီလို့တရားမ၀င်လာတော့ ထိုင်းရဲက လူဝင်မှု့ ဥပဒေအရ ခပ်ကြမ်းကြမ်းလေး ဖမ်းပါတယ် ဒါပေမယ့် ကျွန်တော်တို့ ရွှေတွေက မခေပါဘူး၊ အခက်အခဲကို ကျော်ဖြတ်ပြီး ဘန်ကောက်မှာဆိုရင် ရွှေတွေ သိန်းချီနေပါပြီ။ဒီလိုနဲ့ နယ်စပ်ဖြစ်တဲ့ မဲဆောက် ဆိုရင်လည်း တစ်မြို့လုံးလူဦရေရဲ့ ၃ချိုး၂