Tuesday, August 21, 2012

ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်များ ထုတ်ပေးတော့မည်


ထိုင်းသက္ကရာဇ် ၂၅၅၅ ခုနှစ်အတွက် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် လက်မှတ် များကို ၃၀-၈-၂၀၁၂ ရက်နေ့မှစပြီး သက်ဆိုင်ရာ မြိုနယ် စည်ပင်ရုံးများ(ထစ္စပန်း(စ်)) ရုံးများတွင် အစိုးရ ရုံးသွင်းငွေ (၈၀) ဘတ်ဖြင့် စတင်ဆောင်ရွက်ပေးတော့မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမားရုံးမှ တရားဝင် ကြေငြာလိုက်ပြီဖြစ်သည်။၂၅၅၅ နေထိုင်ခွင့် လက်မှတ် များကို မကြာသေးသောအချိန်က ထိုင်ဘတ် (၅၀၀၀ မှ ၆၀၀၀) အတွင်း ယူပြီး ပြုလုပ်ပေးခဲ့သော်လည်း တရာဝင် ထော်လော်(နေထိုင်ခွင့် ) ဖြစ်မလာခဲ့ဘဲ ငွေကုန်လူပန်းပြီး ပြဿနာများသာ ကျန်ခဲ့ရသည်။ ယခုအခါ တရားဝင် ပြုလုပ်ပေးတော့ မည် ဖြစ်ကြောင်း ကြောငြာလိုက်ပြီ ဖြစ်သဖြင့် မြန်မာအလုပ်သမားများကကြိုဆိုလိုက်ကြကြောင်းသိရသည်။၂၇ ရက်နေ့မှစပြီး ဖောင်များကို အခမဲ့ ရယူနိုင်ပြီး ဖြစ်ကြောင်းလည်း သိရပါသည်။

                                                                                                                     မဲဆောက်သား

No comments:

Post a Comment