Thursday, November 3, 2011

မဲဆောက်တွင် ဖမ်းတော့မည်

မဲဆောက် ၄-၁၁-၂၀၁၁
                 မဲဆောက်မြိုအတွင်း ယနေ့ ထိုင်းတာဝန်ရှိသူများက ကားဖြင့် လိုက်လံပြီး တရားမ၀င်အလုပ်သမားများကို ဥပဒေအရ အရေးယူဆောင်ရွက်မည့်အကြောင်း လိုက်လံကြေငြာနေ ပါတယ်။ ကြေငြာစာရွက်များ လည်းပေးပါတယ်။ကြေငြာချက်အရ နိုဝင်ဘာလ (၁)ရက်နေ့မှစတင်ပြီး အရေးယူဖမ်းဆီးမှာဖြစ် ပါတယ်။အလုပ် လုပ်သူအနေနှင့် အလုပ်သမားရုံးက သတ်မှတ်ပေးသော လုပ်ငန်းသာ လုပ်ခွင့်ရှိပြီး တစ်ခြားလုပ်ငန်းလုပ်လျှင် ဖမ်းဆီးမှာဘဲဖြစ်ပါတယ် (ပန်းရံ လုပ်တယ် လို့ရေးထားပြီး ဈေးရောင်းရင် ဖမ်းမှာပါ) ဒီကြေငြာချက်ကြောင့် မဲဆောက်နေမြန်မာပြည်သားများအကြား အခက်အခဲများ များစွာဖြစ်ပေါ်လာပါတယ်။ မဲဆောက်တွင် အလုပ်သမားလက်မှတ် မရှိသူက လက်မှတ်ရှိသူထက် ပိုများပါတယ်။မကြာခင်ရက်ကမှ လက်မှတ်ရှိသူများကို သက်တမ်းမတိုးပေးတော့ဘဲ ပါစ်ပို့ လုပ်ဆောင်ကြရမည် ဆိုသည့်အတွက် သော ကရောက်နေ ချိန်တွင် ယခုကြေငြာ ချက်ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
                                         ထိုင်းတာဝန်ရှိသူတွေ လိုက်ဝေတဲ့ ကြေငြာစာ

No comments:

Post a Comment