Thursday, November 10, 2011

မဲဆောက်တန်ဆောင်တိုင်ပွဲတော် စည်ကား

မဲဆောက် ၁၁-၁၁-၂၀၁၁
                   မဲဆောက်တွင် နှစ်စဉ်ကျင်းပသော တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို မဲဆောက်မြို့  သင်္ကြန်ကွင်း(သစ္စပန်းကွင်း) နှင့် မြ၀တီ-မဲဆောက် နယ်စပ် သောက်ရင်းမြစ်ကမ်းတို့တွင် စည်ကားစွာ ကျင်းပကြကြောင်းသိရသည်။ ယခင်နှစ်များနှင့်မတူ ဒီနှစ်အလွန်စည်ကားကြောင်း သိရပြီး ရေဘေးကြောင့် ထိုင်းနိုင်ငံအရပ်ရပ်မှ ပြည်တော်ပြန်များဖြင့် ပြည့်နေကြောင်း သိရသည်။ သို့သော်လည်း မဲဆောက်သင်္ကြန် ကွင်တွင် နှစ်စဉ် မြန်မာနာမည်ကြီး အဆိုတော်များ လာရောက်ကြသော်လည်း ယခုနှစ်တွင် လာရောက်ခြင်း မရှိကြောင်းသိရသည်။“အေးသင်းချိုဆွေ” လာသည်ဟု ပြောကြပြီး အမှန်တစ်ကယ် လာရောက်ခြင်း မရှိကြောင်း လည်း သိရသည်။
မဲဆောက်ကမ်းနားတွင်  မီးခွက်ရေမျှောကြစဉ်

No comments:

Post a Comment