Friday, September 21, 2012

ကျွန်တော်သိလိုက်ရသော မြ၀တီက MOU

MOU ဆိုတာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ သဘောတူညီချက်အရ ချုပ်ဆိုသော စာချုပ်ဟု သိထားပါတယ်။မြ၀တီကို ရောက်တော့ မြန်မာနိုင်ငံဒေသအနှံက လူငယ် ကျားမ စုံလို့ပါဘဲ အရမ်းကိုစည်ကားနေတာပါ။ ကျွန်တော်မေးကြည့်တော့ MOU တွေပါလို့ ပြောပါတယ်။ကုမ္ပဏီနဲ့ လုပ်ပြီး ထိုင်းကိုသွားမလို့ ဟုပြောပါတယ် ၊ဒီတော့ နှစ်နိုင်ငံ နာလည်မှု့စာချုပ်ကနေ ဘယ်က ကုမ္ပဏီနဲ့ ထိုင်ကို သွားအလုပ် လုပ်ရမှာလည်း လို့တွေးမိ့ပါရဲ့ ဒါနဲ့ ကျွန်တော့်မိတ်ဆွေ မြ၀တီမှာ တာဝန်နဲ့ ရောက်နေတဲ့ အစိုးရ၀န်ထမ်း တစ်ယောက်နဲ့ တွေ့လို့ သူမိတ်ဆွေ MOU တစ်ယောက်ကို စိတ်ဝင်တစ်စားမေးကြည့်လိုက်တော့ . . .

 မြ၀တီမှာ မြန်မာနိုင်ငံဒေသအနှံက လူတွေဟာ သူတို့နေရပ်တွေမှရှိတဲ့ အေးဂျင့်တွေကနေတစ်ဆင့် ဒီကိုရောက် လာကြတာလို့သိရတယ်လေ ။ဒီလူတွေကို ဒီကနေပြီး ထိုင်းကို တရားဝင် ပါတ်စပို့နဲ့ သွားရအောင်ဆိုပြီး ကူညီပေး တယ်ပေါ့ဗျာ..ဒီကို ရောက်လာဖို့ အောက်အေးဂျင့် (ရွာကခေါ်တဲ့သူ) က သူတို့ကို ၂၅ ရက်အတွင်း သွားရမယ်၊ အလုပ်တွေကလည်း အများကြီး ကြိုက်ရာရွေးနိုင်တယ်၊မြ၀တီမှာနေပြီး ရုံးကိစ္စတွေ လုပ်တဲ့ အချိန်မှာလည်း ကောင်းကောင်း နေကောင်းကောင်း စားရမယ် သေချာပြောဆိုပြီး ဒီကို ခေါ်လာကြတဲ့သူတွေဆိုတဲ့ အကြောင်း ပြောပြပါ တယ်။ဈေးကတော့ ၂ သိန်ခွဲ ကနေ ၃-၄ သိန်အထိပေးပြီး လာကြတာပေါ့ဗျာ။ဒီကိုလည်းရောက်ရော ဒီကလက်ခံဆောင်ရွက်တဲ့ အေးဂျင့်လက်ကို အပ်လိုက်ရတယ် မြ၀တီမှာက အေးဂျင် ၂ မျိုးရှိတယ် ကိုယ်တိုင်ကြွေး တယ် နေဖို့လုပ်ပေးတယ် ပြီးတော့ ရုံးကိစ္စကိုလည်း သူကိုယ်တိုင်လိုက်လုပ်တယ်ပေါ့ဗျာ။တစ်ချိုကတော့ ရုံးကိစ္စကို လုပ်တာကတစ်ယောက် အနေအစားကို ကန်ထရိုက်ပေးပြီး လုပ်ခိုင်းတာပေါ့ အမျိုးမျိုးရှိပေမယ့် မြ၀တီက ဈေးနှုန်းကတော့ အစားအသောက်အနေအထိုင်အပြီးအစီး ၁ သိန်းခွဲ နဲ့ လက်ခံကြပြန်ပါတယ် ။ဒီလိုနဲ့ အောက်ကနေ ခေါ်လာတဲ့ အေးဂျင့်က ၁ သိန် ကနေ ၁ သိန်ခွဲလောက် အိပ်ထဲထဲ့ပြီး ပြန်သွားပါလေရော၊ ပြောရရင် ဇတ်လမ်းက ဒီကစတာပါဘဲ။
မြ၀တီကို မျက်စီသူငယ်နားသူငယ်နဲ့ ရောက်လာတယ်ဆိုရင်ဘဲ နယ်ခံအေးဂျင့်က နေဖို့ တမ်းလျှာလေးစီစဉ်ပါတယ် (၁၀) ပေပတ်လည် ဆိုရင်တော့ လူ (၆) ယောက်အိပ်ရအောင်လုပ်တာပေါ့၊ပြီးတော့ ဆန်ကြမ်းကိုချက်ပြီး ဟင်ချိုတစ်ခွက် ငပိကြော်ကစပြီးကြိုဆိုတာက မြ၀တီ MOU ပါဘဲ။ သန့်ရှင်းမှု့ မရှိတဲ့ ကျမ်းမာရေးအတွက် အလွန်အန္တရာယ်ကြီးတဲ့ အိမ်သာတွေကထွက်လာတဲ့ အနံတွေနဲ့ ကျွန်တော်တို့ MOU ဆိုတဲ့ အုပ်စုတွေ ရဲ့ MOU ခရီးကြမ်းကို စတင်ပါတော့တယ်။  မနက်ရောက်ပြီဆိုတာနဲ့ အေးဂျင့်ရောက်လာပြီး မှတ်ပုံတင်များလာယူပါတယ် ပြီးတော့ မင်းတို့လုပ်ရမှာက ဆောက်လုပ်ရေးနော် ဟုပြောပါတယ်။ကျွန်တော်တို့ကို အောက်မှာခေါ်လာတာက ကားပစ္စည်းစက်ရုံးဆိုပြီးခေါ်လာတာ လို့ ပြောတော့ အဲဒီ ဒီမန်းတွေမရှိဘူး ဒါဘဲရှိတယ် မြန်ချင်ရင် ဒါဘဲ လို့ ပြောပြီး နောက် မြန်တယ်ဆိုတာ ရက် ၆၀ ကို ပြောတာ လို့ ထပ်ပြောပါတယ်၊မင်းတို့ဆီက တို့က ငွေ ၁ သိန်းကျော်ဘဲရတယ် ကြာသလောက်နေ-ထိုင်-စားသောက်စရိတ် ခံရမှာမို့ သိခံကြပါလို့ ပြောပြပါတယ် ဒီတော့လည်း အောက်ကနေ လူရရင် ပြီးရောခေါ်လာတဲ့ သူတွေကို စိတ်ဆိုးမိတာကလွဲပြီး မတတ်နိုင်တော့ ပါ့ဘူး။ဒီလိုနဲ့ နောက် ၂ ရက်လေက်နေတော့ ပြည်ပအလုပ်အကိုင် အတွက် အလုပ်သမားရုံးက ပေးတဲ့ လေဘာစာရွက် ရလာပါတယ် ဒီကအခေါ်တော့ (အောက်လေဘာတို) လို့ခေါ်ပါတယ်။လေဘာတိုလာပေးတဲ့ရက်ကစပြီး အေးဂျင့် ကျွန်တော်တို့ဆီကို မလာတာ ရက် ၂၀ လောက်ကြသွားပါတော့တယ်၊ပါလာတဲ့ ငွေလေးလည်း ကုန်သလောက်ဖြစ်တဲ့ အချိန်မှာ တစ်ခေါက်ပြန်ပြီး ပေါ်လာပါပြီ လက်ထဲမှာ စာရွက်ထုတ်နဲ့ စာချုပ်မယ် ပြောပါတယ် ။ စာချုပ်ကို ကောင်းကောင်းမဖတ်ရပါဘူး စာချုပ်က ပထမ စာမျက်နာနဲ့ နောက်ဆုံးစာမျက်နာဘဲ ပါတယ် လက်မှတ်ထိုးရတဲ့ နေရာတွေပေါ အလယ်က လက်မှတ်ထိုးရတဲ့ နေရာတွေလည်း မပါဘူးလေ မြန်ရင် ပြီးရောပေါ့ လစာလေးတောင်အပြေးမေးရတယ်  ၂၈၅ ဘတ်တဲ့ အချိန်ပို့ ၄၃ ဘတ်  ။ဒီလိုနဲ့နောက်ထပ် (၁၀) ရက်လောက်ကြာတော့ တစ်လဆိုတဲ့ အချိန်မှာ နေသားထိုင်သားတော်တော်လေး ကျလာပါတယ်။ ဒီအချိန်မှာ အေးဂျင့်ပြန်ရောက်လာပြီးအပေါ်လေဘာတက်မယ်လို့ ပြောပါတယ် ဒီလိုပြောတော့ ကျွန်တော်တို့နေတဲ့ နေရာကနေ ၁ မိုင်လောက်ဝေး တဲ့ ကျောက်လုံးကြီးရုံးလို့ခေါ်တဲ့ နေရာကို ကားပျက်တယ် ပြောတော့ လမ်းလျှောက်ရင်း ရောက်ကြရတာပါဘဲ ရုံးက တောင်ကုန်းလေးပေါ် မှာပါ အောက်ကနေ ရာတွေမှာ လူတွေနားနေဖို့ အဆောင်ကြီးတွေ ရှိပါတယ် အဲဒီအဆောင်ထဲက တစ်ဆောင်ကို ၀င်လိုက်တော့ အားပါး ကျွန်တော့်လို လူတွေ ထောင်ချီလိုပါလား။ဒီလိုနဲ့ ကျွန်တော်တို့ ကို အေးဂျင့်ရဲ့ စာရေးမဆိုတာတွေက ကိုယ်ရေးရာဇ ၀င်တွေမေးပြီး ဖောင်တစ်ထပ်ကြီးဖြည့်ပါတော့တယ်။နောက် ရုံးပေါ်တက်ပြီး လ-၀-က ရဲ့ အစစ်အဆေးခံရပါတယ်၊ ဓါတ်ပုံလည်း ရိုက်ရပါတယ်။ ပြီးတော့ပြန်ခဲ့ရတာပေါ့ ဒီလိုနဲ့ ဟိုနေ့သွားရနိုး ဒီနေ့သွားရနိုး အေးဂျင့်ငွေ လာမပေလို့ ထမင်းမစားရတဲ့ ရက်တွေကိုလည်း တင်းခံ တောင့်ခံရင်း ရက် ၉၀ ( ၃) လတင်းတင်းပြည်ခဲ့ပါပြီ  လို အဲဒီမိတ်ဆွေက ရှင်းပြပါတယ်။
 ဒီတော့ ကျွန်တော့ သူငယ်ချင်းက အစိုးရရဲ့ အမှန်လုပ်ကိုင်ပုံတွေကို ထပ်ပြီးရှင်းပြပါတယ်
၁။ လူရောက်လာရင် အောက်လေဘာ (အလုပ်သမားလက်မှတ်) တင်ရပါမယ်။
၂။ လေဘာရရင် ခေါ်စာ (ဒီမန်း) ရွေးရပါတယ် (အလုပ်ရွေးရတာပါ) (သေချာစစ်မှန်တဲ့ ဒီမန်းဖြစ်ရပါ့မယ်)
၃။ စာချုပ် ချုပ်ပါတယ်  (ထိုင်းကုမ္ပဏီ တာဝန်ရှိသူနဲ့ အလုပ် လုပ်မယ့်သူ၊  သက်သေ  အလုပ်သမားဦးစီးအရာရှိ နှင့် ဒု-ရဲမှူး တိုပါဝင်ပါတယ်)
၎။ အပေါ်လေဘာတက်လို့ရပြီး ဓါတ်ပုံရိုက်ရပါတယ် (စစ်ဆေးတဲ့ သဘောပါ )စာချုပ်တွေကို နေပြည်တော်ကို ပို့ရပါတယ်
၅။ နေပြည်တော်က ပြန်စာရောက်ရင်တော့ ထိုင်နိုင်ငံဘက်အခြမ်းက ရုံးလုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ ထိုင်နိုင်ငံဆိုင်ရာ  မြန်မာသံရုံး ၊ထိုင်းအလုပ် သမားဝန်ကြီးဌာ န၊လ-၀-က စတဲ့ ရုံးတွေပါ ပါတယ်။
၆။ သေချာပြီဆိုရင် ဘယ်သူက တာဝန်ယူပြီး လာခေါ်မယ် ဆိုတာ စာတင်ရပါတယ်။ဒီအချိန်မှာ မြန်မာ အလုပ်သမားရုံးက နေပြည်တော်ကို ရည်ညွှန်းပါစာနဲ့ တင်ရပါတယ်။ ခွင့်ပြုပြီး လာလည်းခေါ်ပြီဆိုရင်တော့ ထွက်ခွာပွဲ လုပ်ရပါတယ် ရဲမှူးနဲ့ အလုပ်သမား အရာရှိတို့ မိန်ခွန်းပြောပြီး ထွက်ခွာရပါတယ်။
၇။ထိုင်ဘက်ခြမ်းမှာ ပါတ်စပို့ ကို (၂) နှစ်ဗီဇာ လုပ်ပြီး ဘန်ကောက်ကိုသွားနိုင်ပါတယ်
ဒါကလုပ်ငန်းစဉ် အသေးစိတ်မဟုတ်သေးပါဘူး ဒီကြားထဲမှာ ကုမ္ပဏီရှိမှ လူပို့ရတယ် ဆိုတဲ့ပြဿနာတွေလည်း မနဲပါဘူး တစ်ကယ်တော့ ကုမ္ပဏီ ရှိတယ် ဆိုပြီး အလိုလို ဘ၀င်မြင့်နေပြီး သူကို အပ်ထားတဲ့ လူတွေ ရာချီရှိနေ တာဖြစ်တယ်။အလုပ်အရမ်းများဟန်ဆောင်နေ တဲ့ အေးဂျင့်တွေ ကိုတော့ ကျောက်လုံးကြီးရုံးမှာ ခြေချင်းလိမ်နေ တာတွေရ ပါလိမ့်မယ်။MOU ရဲ့သဘောကတော့ အစိုးရ-အစိုးရ လုပ်တဲ့ ( G to G) ဖြစ်ပြီး ကုမ္ပဏီ ဆိုတာတော့ မလိုပါဘူး အခု ကုမ္ပဏီပေါ် လာတော့(C to C) ဖြစ်ပြီး ကုမ္ပဏီပိုင်တဲ့ သူတွေက ဈေးပိုတောင်းပြီး ရက်ပိုကြာလာတာပါဘဲ ၊ပြီးတော့ ဇယာလည်း အရမ်းရှုပ်လာတယ်လို သိရပါတယ်။ ကျွန်တော်လေ့လာကြည့်ရသလောက် ကုမ္ပဏီပိုင် ရှင်တွေနဲ့  အေးဂျင့်တွေရဲ့ မာန ပြိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မကောင်းပြောကြ၊ဂျောက်တွန်းကြ၊ပညာပြိုင်ကြ ဒဲဒီပွဲမှာ ရွာကနွားကို ရောင်း ပြီးတက်လာတဲ့ သူတွေ မြေဇာပင်ဖြစ်ရတာပါ။လူစုံပါတဲ့ အေးဂျင့်တွေမှာလည်း စစ်အရာရှိဟောင်း၊ကျောင်းဆရာဟောင်း၊ ကွန်ပျူတာ ဆရာဟောင်း၊ ကော့သောင်းကနေလာတဲ့ ၀ါရင့်အေးဂျင့် စသည်ဖြင့် ရာထူးဂုဏ်ရှိန်တို့ကလည်း မပြိုင့်နိုင်လောက် အောင်ပါဘဲ၊နိုင်ငံတော်အကြီးအကဲ အကုန်လုံးက သူမိတ်ဆွေပါဆိုတဲ့ ရန်ကုန်သားကြီးတွေကလည်း ပါသေးတာပေါ့။ မြတ်မယ်ထင်လို့ ထမင်းကန်ထရိုက်လုပ်တဲ့ သူတွေလည်း မမြတ်တဲ့ အပြင် အိမ်ပါပေါင်ထားရတာလည်း မနဲပါဘူး။
တစ်ကယ်တော့ အားလုံးဟာ မှန်မှန်ကန်ကန်လုပ်မယ် ဆိုရင် ကောင်းပါတယ် ။အချိန်အားဖြင့်လည်း တစ်ကယ်လုပ်ရင် (၁) လဘဲကြာတယ်လို့ သိရပါတယ် အခုတော့ (၄) လကျော် လာတဲ့ သူတွေအတွက် ထမင်းကန်ထရိုက်တွေနစ်နာသလို စောင့်ရတဲ့ သူတွေလည်း လယ်ရောင်း နွားရောင်လာကြရတာမို့ အရမ်းနှစ်နာပါတယ် ။ဒီကုမ္ပဏီ ဆိုတာကို အလုပ်သမားဝန်ကြီးဌာန က လုပ်ပြီးကတိုင်က လုပ်ငန်း လုပ်ပုံတွေပြောင်းပြီး ကုမ္ပဏီမရှိတဲ့ သူတွေမျက်နာငယ်ရ ကုမ္ပဏီ ပိုင်ရှင်တွေက မနတွေဇွတ်တက် ငွေတွေတောင်း တစ်ကယ်လုပ်ကြတော့ ထိုင်းခေါ်စာမသေချာဖြစ်ရတဲ့ အတွက် ၄-၅ လကြာတာတောင်မရနိုင်ပါဘူး။ကုမ္ပဏီတွေက တာဝန်မယူကြပါဘူး လိုင်စင်ရှိတယ် ကြိုက်တဲ့ရုံး တရားစွဲ လိုဘဲ ပြောတာကတော့ စိတ်မကောင်းစရာဘဲလို့ မြင်ရပါတယ်။ အမှန်တစ်ကယ် ကတော့ အေးဂျင့်တွေ ကုမ္ပဏီတွေ မလိုပါဘူး အလုပ်လုပ်မယ့်သူတွေက သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံးမှာ အလုပ်သမားလက်မှတ်ထုတ်ပြီး သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးကတစ်ဆင့် ဒီကို လမ်းပို့တဲ့ပုံစံနဲ့ စနစ်တကျ လုပ်ပေးရင်တော့ ကျွန်တော်သိရသလောက် ကုန်ကျငွေ မြန်မာကျပ် (၅၀၀၀၀) ငါးသောင်းမကုန်ဘဲ ထိုင်နိုင်ငံကို ရောက်နိုင်ပြီး လိမ်ညာမှု့များလည်း ကင်းဝေးနိုင်မည်ဖြစ်ပါတယ်ခင်ဗျာ. . .
                                                                                                                                                                       မြ၀တီကိုရောက်ခဲ့တဲ့ အမှတ်တရပါ
                                                                                                                                                                                                                                     ရွှေဆည်သား

laminlay999.mdy@gmail.com မှပေးပို့သော ပေးစာဖြစ်ပါသည်။

No comments:

Post a Comment