Monday, September 24, 2012

သမ္မတကြီး၏ ဆင်းရဲသား ပပျောက်ရေးကို ဆန့်ကျင်နေသော မြ၀တီမှ အကောက်ခွန်ဝန်ထမ်းများ စီးပွားရှာနေပုံ အပိုင်း (၁)



တဆွဲတပိုးဆင်းရဲသားများ၊ ငွေရင်းအနည်းငယ်နှင့် မိသားစုဘ၀ရပ်တည်နေရသူများ၊ လက်လုပ်လက်စားများအတွက် နိုင်ငံတော်သမ္မတကြီး၏ ဆင်းရဲသားပပျောက်ရေးမူများကို အကောက်ခွန်ပြည်နယ်မှူး ဦးမြင့်ဇော်ဦးစီးအရာရှိ မျိုးကျော်ထွန်းနှင့် အကောက်ခွန် အရာရှိအရာထမ်းများ ကြွယ်ဝချမ်းသာစေဖို့ အရေးကို အေးဂျင့်ကိုယ်စားလှယ်များနှင့် ပေါင်းကာ ကုန်ပစ္စည်းများ အပေါ် အကောက်ခွန် နှင့် အေးဂျင့်တို့မှ ဖြတ်သော ဈေးနှူန်းအတိုင်း ပေးဆောင်ရခြင်း 
ကို နိုင်ငံတော်သမ္မတကြီး သိစေရန် အလို့ငှာတင်ပြအပ်ပါသည်။

       မြ၀တီနယ်စပ်မြို့သည် ကုန်သွယ်ရေးဇုံရှိသည့်အတွက်သုံးဘီးဆိုက်ကားသမား များ၊  ခေါင်းရွက်ဗျက်ထိုးဈေးသည်များ၊ လမ်းဘေးဈေးဆိုင်များ၊ ဆိုင်ကယ်အငှားမောင်းသူများ၊ အိမ်ဆိုင်ရောင်းချသူများ၊ မြို့တွင်းအငှားကားသမားများ၊ အထမ်းအလုပ်သမားများ၊ ဆင်းရဲသားများအလုပ်အကိုင်ရရှိပြီး စားဝတ်နေရေးပြေလည်ကာ ဘုရားကျောင်းကန်များပေါများပြီး  အမြိုမြို့အနယ်နယ်မှ လူများစည်ကားရာ မြို့တစ်မြို့လည်းဖြစ်ပါသည်။
                                      ထိုင်းနိုင်ငံမှ တင်ပို့နေသော မှောင်ခိုကုန်ပစ္စည်းများ

 ထိုသို့တိုးတက်စည်ပင်သာယာသော မြို့တစ်မြို့ဖြစ်ရေးအတွက် အဓိက ဆောင်ရွက်လမ်းညွှန်ဆောင်ရွက်နေသူက ခရိုင်အုပ်ချူပ်ရေးမှူးပါ… ခရိုင်အတွင်း တိုးတက်သာယာစည်ပင်နေမူအတွက်လည်း ၀မ်းသာပီတဖြစ်စရာပါ… အခွန်အခဆိုသည်မှာလည်း နိုင်ငံတော်ရရှိခြင်းအပေါ် ပြန်လည်ဆောင်ရွက်သော စာသင်ကျောင်းများ၊ ဆေးရုံ၊ လမ်း၊တံတား၊ ရေ၊ မီး၊ မြို့တော်သန့်ရှင်းရေး နှင့် အထွေထွေဆောင်ရွက်မူများသည် မြို့ပေါ်နေပြည်သူအပေါင်း ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ခံစားရပေသည်။



     
 နိုင်ငံသား တိုင်း၏ နိုင်ငံတော်ကိုပေးသည့်သည့်အခွန်အခပမာဏကို နိုင်ငံတော်ဘဏ္ဍာထဲသို့ စာရင်းဇယားနှင့် တိတိကျကျ ၀င်စေရန် တာဝန်ယူဆောင်ရွက်စေရန်အတွက်နိုင်ငံတော်မှ စိတ်ချစွာဖြင့်  အကောက်ခွန်ဝန်ထမ်းများကို နိုင်ငံတော်မှထိုက်တန်သော လစာ၊ အဖွဲ့အစည်းခေါင်းစဉ်ဖြင့် ပေးသော အပိုထောက်ပံ့ကြေးငွေ၊ ၀န်ကြီးဌာနမှ ပေးသော အပိုငွေ၊ နိုင်ငံတော်မှ အကြောင်းအမျိုးမျိုးကြောင့် ထပ်ပေးသော ရှားပါးစရိတ်၊ ကျန်းမာရေးအာမခံချက် စသော ထောက်ပံ့ငွေများသည် အကောက်ခွန်ဝန်ထမ်းများအတွက် နိုင်ငံတော်မှ တရားမျှတပိုလျှံနေသောထောက်ပံ့ငွေများဖြစ်နေပေ သည်။ ဒီလိုမျိုးအမိနိုင်ငံတော်ဘက်မှ ကောင်းမွန်စွာထောက်ပံ့ကြည့်ရူစောင့်ရှောက်ခြင်းကို  နားလည်သဘောပေါက်ပြီး ကိုယ်ကျိုးစီးပွား ကိုယ့်လောဘကိုသတ်ပြီး နိုင်ငံအတွက် တိတိကျကျမှန်ကန်စွာ ဆောင်ရွက်သင့်ပေသည်။   

           
အကောက်ခွန်ပြည်နယ်မှူးဦးမြင့်ဇော်သည် ၁၉၈၄ ခုနှစ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၇၇) မှ ကျောင်းဆင်းလာပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အမှတ် (၉၆) ခြေလျှင်တပ်ရင်းတွင် အိုင်အို အဖြစ်စတင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ၄င်းမြို့တွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများကြည်ညှိလေးစားပြီး တန်ခိုးကြီးမားသော ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားလည်း ရှိလေသည်။ ထိုအချိန်က ကျိုက်ထိုမြို့တွင် ဘုရားဖူးများ၊ မှောင်ခိုကုန်ကူးသူများ၊ တဆွဲတပိုးရောင်းဝယ်သူများ၊ အလည်အပတ်လာသူများစသည်များကို အကောက်ခွန်ဝန်ထမ်းများသည် ထင်တိုင်းကြဲ လုပ်ခဲ့ကြပြီး လိုင်စင်ရ ဓါးပြများသဖွယ် ပစ္စည်းများရှာဖွေသိမ်းယူခြင်း၊ နိုင်ထက်စီးနင်းသိမ်းယူခြင်းများ ကို ကြောက်ရွံထိတ်လန့်စွာ ပြုလုပ်ခဲ့သူလည်းဖြစ်သည်။

             
 ထိုအချိန်က ယခုလို လုပ်ရပ်အပေါ်အားအကျကြီး ကျခဲ့သူကတော့ ဒုဗိုလ်မြင့်ဇော် ယခု (မြ၀တီ ပြည်နယ်မှူး) သည် လုံခြုံရေး လိုက်ပါရင်း ကုန်သည်များ၊ ဆင်းရဲသားများထံမှ မတရားဖမ်းဆီးထားပြီးအကောက်ခွန်ဝန်ထမ်းများ နိုင်ငံတော်အတွက် ဟုခေါင်းစဉ်တပ်ထားပြီး ဖမ်းဆီးထားသည့် ပစ္စည်းများကို တွန့်တိုခြင်းမရှိ ပေးကမ်းသုံးဖြုန်းသုံးစွဲနေသော အကောက်ခွန်အရာထမ်း၊ အမူထမ်းများကို အရမ်းကို အားကျခဲ့ကြောင်းကို မြင်တွေ့သိခဲ့ရပါသည်။

                                                
 ဆက်လက်တင်ပြပါမည်။
ညိုမောင် (စက်မူ) (U.V.I)
http://universalinterfaith.blogspot.com/2012/09/blog-post.html   တွင်ဖော်ပြသော ဆောင်ပါးအားတင်ပြပါသည်။

No comments:

Post a Comment