Monday, October 22, 2012

မြန်မာနိုင်ငံသားများကို ထိုင်းအလုပ်သမားဌာနသတိပေး



မြန်မာနိုင်ငံသားများကို ပါတ်စပို့လုပ်ရန်နှင့် အလုပ်လုပ်ခွင့် ( Work Permit) လုပ်ရန်အတွက် မဲဆောက်မြို့ အလုပ်သမားရုံးရှေ့တွင် ဆိုင်ဘုတ် ကြီးထောင် ကာ အရေးပေါ်သတိပေးချက်အဖြစ် ထုတ်ပြန်ထားပြီဖြစ်သည်။ သြဂုတ်လ (၁၀) ရက်နေက လျှောက်လွှာအပြီးတင်ပြရမည် ဖြစ်ပြီး ဒီဇင်ဘာလ(၁၄) ရက်နေ့ တွင် Work Permit လုပ်ငန်းများအပြီးပြုလုပ်ရမည်ဖြစ်ကြေင်း ပါရှိသည်။ အကယ်၍ မပြုလုပ်ပါက ထိုင်းဥပဒေ BE 2522 အရ ထောင်ဒဏ် (၅) နှစ် ငွေဒဏ် (၅၀၀၀) ဖြစ်ကြောင်း လည်း ကြေငြာတွင် ပါရှိသည်။ ထိုင်း အလုပ်သမားဌာနမှ ၀န်ထမ်းတစ် ဦး၏ ပြောကြားချက်အရ သူတို့ဆီမှာ လာပြီး (W0rk Permit) လာလုပ်တဲ့ သူက ပါတ်စပို့ လုပ်တဲ့သူရဲ့ ၈၀% ကျော်လောက်ဘဲ ရှိနေပြီး ကျန်လူများ လာရောက်လျှောက်ထားခြင်း မရှိဘူး လို့ ပြောပြပါတယ်၊ ဒီဇင်ဘာလကုန်တာနဲ့ ထိုင်လုံခြုံရေး တာဝန်ရှိသူတွေစစ်ဆေးတဲ့အခါ (Work Permit) မပါရှိဘူးဆိုရင် ကိုင်ဆောင်ထားတဲ့ ပါတ်စပို့ကို သိမ်းတာမျိုး ဒါမှမဟုတ် အရေးယူတာ မျိုးတွေ ရှိနိုင်တယ် နောက်တစ်ခုက အခု ယာယီနိုင်ငံကူးလက်မှတ်က အလုပ် လုပ်မယ့် အလုပ်သမားကို ထုတ်ပေး တဲ့စာအုပ်ဖြစ်တဲ့အတွက် ထိုင်းအလုပ်သမားရုံးကပေးတဲ့ ထိုင်း(Work Permit) လက်မှတ်ဘဲဖြစ်ဖြစ် စာအုပ်အပြာရောင် ဘဲဖြစ်ဖြစ် ပါတ်စပို့နဲ့ တွဲပြီး ကိုင်ဆောင်မှ တရားဝင်တာပါ လို့ ပြောပြ ပါတယ်။ အလုပ်သမားပါတ်စပို့ ကိုင်ဆောင်သူအနေနဲ့ work permit ရှိရင်တောင်မှ ရက် (၉၀) စာရွက်သက်တမ်းမတိုးမီရင်တော့ လုံခြုံရေးမှူးတွေက အရေးယူနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

                                                                                                                                                                                                                                   မဲဆောက်သားလေး

No comments:

Post a Comment