Monday, October 1, 2012

လိုင်စင်မဲ့ကားများဖမ်းဆီး

စက်တင်ဘာလ ၂၅ ရက်မှ ၂၈ ရက်အတွင်းဘာအံဂိတ်တွေမှာလိုင်စင်မဲ့ကားများဖမ်းထားတယ်လို့သိရပါတယ်။
ဒီလိုဖမ်းဆီးခံရတဲ့ ကား( ၁၇) စီးကျော်ရှိတယ်။ဒီလိုင်စင်မဲ့ကားတွေကို အခုလိုဖမ်းဆီးရတာကတော့
လိုင်စင်မဲ့ ကားစီးလာပြီး ဂိတ်ကတာဝန်ကျ ၀န်ထမ်းတွေကို မခြေမငံပြောဆိုတာတွေလည်း ရှိပြီး ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်
လိုင်စင်မဲ့ ကားတွေကို စတင်ဖမ်းဆီးနေပြီဖြစ်ပြီး ကောကရိတ်နှင့် မြ၀တီ တို့တွင်လည်း စစ်ဆေးမှု့များ မကြာမှီပြုလုပ်မည်ဟု သိရသည်
ဖမ်းဆီးရရှိသည့်ကားများကို လိုင်စင်ပြုလုပ်စေမှာဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ် (အတိအကျတော့ မသိရသေးပါဘူး)
ငြိမ်းအဖွဲ့တွေကို ကားလိုင်စင်ကိစ္စဆောင်ရွက်ပေးနေပြီးဖြစ်လို့ နောက်ကို ငြိမ်အဖွဲ့အမည်နဲ့ ကားတွေစီးလို့ ရ မရကိုတော့ မသိရသေးဘူးလို့
ငြိမ်းအဖွဲ့တစ်ဖွဲက တာဝန်ရှိသူတစ်ယောက်ကပြောပြပါတယ်။မြ၀တီ၊ကောကရိတ်နဲ့ ဖာအံ-မော်လမြိုင် မြို့တွေက လိုင်စင်မဲ့ကားတွေ ကို ပေါင်းကြည့်ရင် အစီးရေ သောင်ကျော်ရှိ
တယ်လို့ လည်း သိရပါတယ်။ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကနေ မြ၀တီကို တစ်ညကို ကားအစီးရေ ၃၀ မှ ၇၀ အတွင်း ၀င်ရောက်လျှက်ရှိပါတယ်ခင်ဗျာ။

                                                                                                                                          မြ၀တီသား

No comments:

Post a Comment