Monday, October 1, 2012

မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုံမှ အကောက်ခွန်တို့အကြောင်း

     မြ၀တီကုန်သွယ်ရေးဇုံက အကောက်ခွန်ဝန်တမ်းများအကြောင်းကို အင်တာနက်စာမျက်နာတွေမှာဖတ်နေရတော့ အမှန်တစ်ကယ် ဟုတ်မဟုတ်ဆိုတာကို သိနိုင်ဖို့အတွက် မဲဆောက်သားလေးတို့ ကုန်သွယ်ရေးဇုံကို တစ်ခေါက်ရောက်ခဲ့ပါတယ်။ ကုန်သွယ်ရေးဇုံကို ရောက်တော့ ယဉ်တန်းအဆင်းနေ့ဖြစ်တာမို့ တော်တော်လေး စည်ကားနေတာပါဘဲ။သတင်းတွေထွက်နေသလိုဘဲ လားဆိုပြီးတော့ အကောက်ခွန်ဂိတ်နားကို အသာလေးတိုးသွားကြည့်ပါတယ်၊ ကားသမား ကုန်သည်တို့အပြင် ဌာနပေါင်းစုံက လူကြီးတွေ အဖွဲ့အစည်းအစုံက လူကြီးတွေငြိမ်အဖွဲ့က အရာရှိတွေ စုံလိုပါဘဲ ပါတ်သက်ရာ ပါတ်သက်ကြောင်းလေးတွေ လာလုပ်ပေးနေကြတာပါ။ ဒီလိုလာကြတဲ့ အထဲက ကုန်သည်တစ်ချို့ရဲ့ အကောက်ခွန်တို့ကို ဆဲရေးတိုင်ထွာနေကြပုံကိုလည်း ရယ်စရာ အဖြစ်တွေရပြီး ဘယ်လို ဘဲ နားမခံသာအောင်ပြောပြော အရေထူလှတဲ့ အကောက်ခွန် ၀န်ထမ်းတို့ရဲ့ သိခံနိုင်စွမ်းအားက လည်းတရာစခန်းကဆရာတော်ပင်အရှုံးပေးရလောက်ပါပေသည်။သို့သော် ငွေတောင်းသည့်နေရာမှာတော့ မည်သူမည်ဝါ မည်သူနှင့်ပါတ် သက်သည် ဆိုသည်ကို လုံးဝ မထောက် ထားတတ်တာကတော့ အမှန်တစ်ကယ် နိုင်ငံတော်က အခွန်စစ်စစ် မှန်မှန်ရ မည်ဆို လျှင် ကောင်းသောအချက်ဖြစ်သော်လည်း  ကိုယ်ကြိုး အတွက် ဖြစ်နေသည်ကိုတော့ ၀မ်းနည်း စွာတွေ ရတော့ သည်။ ၁၀၀ ဆောင်ရမည့် နေရာတွင် ၂၀၀ တောင်းလိုက်ပြီး သူ့အတွက် ၅၀ ပေးပါက ၃၀ လို့ ရေးပေးတတ်တာကတော့ သူရဲ့အကျင့်ဖြစ်နေ ပါပြီလို့ အဲဒီဇုံးမှာ အလုပ်လုပ်တာကြာပြီဖြစ်သည့် အကောက်ခွန်ပွဲစားကြီးက ရှင်းပြပါတယ်။ အော်ဒါကြောင့် အင်တာနက်မှာ ပြန့်နေတဲ့ သူတို့ရဲ့သတင်းက မှန်နေတာပါလားလို့ မဲဆောက်သားလေးတို့ တွေးရင်း . . . .

                                                                                                       မြ၀တီဇုံသို့ တစ်ခေါက်ရောက်ခဲ့တဲ့

No comments:

Post a Comment