Saturday, October 29, 2011

မဲဆောက်ကအပြန် မြ၀တီတွင် မြို့ခံများပါ ငွေတောင်းခံနေရ

    မဲဆောက် ၃၀-၁၀-၂၀၁၁
         
         မဲဆောက်တွင်လာရောက်အလုပ်လုပ်ကိုင်ပြီ မြ၀တီသို့ ပြန်ကြသူများရှိသလို မဲဆောက်တွင် လုပ်ငန်းအရ    နေထိုင်ကြပြီး မြ၀တီကို အားကိုးလုပ်ကိုင်နေကြသော သူများလည်းရှိပါတယ်။ယခုအခါ ဘန်ကောက်ရေကြီးသဖြင့် ပြည်တော်ပြန်ကြသော မြန်မာများကို ငွေတောင်းခံမှု့များရှိနေသည့် အပြင် မဲဆောက်မြို့ခံ -မြ၀တီမြို့ခံများ ကိုပါ ကမ်းကူးလာသူများကို စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်ပြီး ထိုင်ဘတ် ၂၅၀၀ မှ ၃၀၀၀ အထိ ချက်ချင်းပေးကြရကြောင်း ကမ်းနားမှ လာသောသတင်းတစ်ရပ်က ဆိုပါတယ်။“ အကယ်၍ မပေးနိုင်ဘူးဆိုရင် သူတို့ တပ်ချင်တဲ့ ပုဒ်မတတ်ပြီး  အချုပ်ထဲထဲ့ တရားစွဲတော့တာပါဘဲ။ ပြီးတော့ မဲဆောက်သွားတယ်ဆိုရင် အဖွဲ့အစည်းနဲ့ဆက်သွယ်တယ်တို့ ဘာတို့ပေါ့ဗျာ သူတို့ ပြောချင်ရာ တွေပြောပြီး လုပ်ချင်သလိုလုပ်ကြတာပါဘဲ” လို့ ထိုသူက ပြောပြပါတယ်
ယခုအချိန်တွင် မဲဆောက်အခြေချနေထိုင်သူနှင့် မြ၀တီနေထိုင်သူများပါ တစ်ဘက်ကမ်းသို့ ယခင်ကကဲ့သို့ ကူးသွားကူးလာ မလုပ်ရဲကြဘဲ အခြေအနေများကြည့်နေရကြောင်းလည်း ကြားသိရပါတယ်။ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားကြီးမှာ ဘယ်အချိန်ဖွင့်မည်မသိရသေးကြောင်း ပြောပြပါတယ်။

No comments:

Post a Comment