Sunday, October 30, 2011

ဘန်ကောက်ရေကြီး မဲဆောက်ကုန်ဈေး ပြောင်း

          ထိုင်းနိုင်ငံဘန်ကောက်ရေးကြီးနေတဲ့ ကာလ အတော်လေးကြာလာပါပြီ၊ဘန်ကောက်ကလာတဲ့ ကုန်ပစ္စည်းတစ်ချို့လည်း ပစ္စည်း အ၀င်းနည်းနေပြီး ဈေးအနည်းငယ်တက်လာတယ်လို့ ဈေးသည်တွေပြောနေ ကြ ပါတယ်။ဒီလိုပါဘဲ မဲဆောက်ကနေ ဘန်ကောက်ကိုသွားတဲ့ ကုန်ပစ္စည်းတွေလည်း အ၀ယ်ရပ်လို့ ဈေးသိသိသာသာ ကျဆင်းနေပါတယ်။ပစ္စည်းအဟောင်းအရောင်းအ၀ယ်လုပ်သူတစ်ဦးကဆိုရင် “အရင်က ဘန်ကောက်က အ၀ယ်လိုက်တော့ ကြေးနီဈေး၊သံဈေးတွေ ကောင်းခဲ့တာပေါ့ အခု ဘန်ကောက်ရေကြီးတော့ ကြေးနီဆိုရင်  ၁ ကီလိုကို အရင်ဈေးထက် (၇၀)ဘတ်လောက်ဈေးကျနေတယ်” လို့ပြောပါတယ်။အရောင်းအ၀ယ်သမားများ လုပ်ငန်းများအေးနေပြီး ဘန်ကောက်ပစ္စည်းဈေးတက်လျှက် ရှိကြောင်းပါခင်ဗျာ -

No comments:

Post a Comment