Tuesday, October 25, 2011

မဲဆောက်တောရဘုန်းကြီးကျောင်းတွင် မြန်မာဆရာတော် ကျောင်းထိုင်ခွင့် ပြန်ရ

မဲဆောက် -၂၅-၁၀-၂၀၁၁
မဲဆောက်တောရကျောင်းတွင် ကျောင်းထိုင်ဆရာတော်အဖြစ် နှစ်ပေါင်းများစွာ ကျောင်းထိုင်လာသော ဆရာတော် ဦးမဟိန္ဒ အား ထိုင်းနိုင်ငံသားမဟုတ် ဟုဆိုပြီး ထိုင်းသံဃာတော်က ကထိန်ပွဲ မကျင်းပရန် လာရောက်တားမြစ်ခဲ့သည်။ထို့ကြောင့် ယနေ့ မဲဆောက်မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌ ဆရာတော် နှင့် မြို့နယ်ရဲစခန်းမှူး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက ယနေ့နေ့လည်ပိုင်းတွင် လာရောက် ဖြေရှင်းပေးခဲ့ပြီး  မြန်မာဆရာတော်ကိုသာလျှင် ကျောင်းထိုင်ဆရာတော်အဖြစ် ဆက်လက်တာဝန်ယူရန် ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။ 
ယနေ့ထို့သို့ ဖြေရှင်ရာသို့ မြန်မာပြည်သား ၃၀၀ ခန့်တက်ရောက်ခဲ့ကြောင်း ကြားသိရပါသည်။

No comments:

Post a Comment