Monday, October 31, 2011

နေထိုင်ခွင့် (ဘတ်) သက်တမ်းများတိုးပေးတော့မည် မဟုတ်

      မဲဆောက် ၁-၁၁-၂၀၁၁     
       မဲဆောက်မြို့နေ့ မြန်မာနိုင်ငံသားများအကြား ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှ နေထိုင်ခွင့် (ဘတ်) သက်တမ်းများ လုံးဝ မတိုးပေးတော့ ဟုသောသတင်းများထွက်ပေါ်လာ ပါတယ်။ ပါတ်စပိုစ် ကိုင်ဆောင်ရမှာ ဖြစ်ပြီး သက်တမ်း (၆)နှစ်ရမှာဖြစ်တယ်လို့ သိရပါတယ်။သို့သော်လည်း (၃)လတစ်ကြိမ် ထိုင်း လ.၀.က သို့ သွားရောက်ပြီး စာအုပ်ပြသရမှာဖြစ်တယ်လို့လည်း ပြောပြပါတယ်။အလုပ်လုပ်လိုပါက အလုပ်လုပ်ခွင့် ပြန်လည်လျှောက်ထားရမှာ ဖြစ်ပါတယ်။
        ယခုကဲသို့ နေထိုင်ခွင့် လက်မှတ်များ သက်တမ်းမတိုးပေးပါက ပါတ်စပိုစ် လုပ်ဆောင်ရသော စရိတ်မှာ လူတစ်ဦးအတွက် ထိုင်းဘတ် (၇၀၀၀)ကျသင့်ပြီး ၄င်းပါတ်စပို့ဖြင့်သာ အလုပ်လုပ်ပိုင်ခွင့် လက်မှတ် လျှောက်ထားရမယ်လို့ ပါတ်စပို့လုပ်ပေး သူကိုယ်စားလှယ်တစ်ဦးက ပြောပြပါတယ်။ မဲဆောက်ေ နမြန် မာနို င်ငံသား များအနေနဲ့ ယခုအချိန်တွင် မဲဆောက်-မြ၀တီတံတားပိတ်ထား သည်ကတစ်ကြောင်း ဘန်ကောက်တွင် ရေကြီးနေသည်ကတစ်ကြောင်း တို့ကြောင့် စီးပွားရေးအခက် အခဲပေါင်းများ စွာနှင့်ရင်ဆိုင်နေရပြီး (၁)နှစ်ခံလက်မှတ်ရှိသူများအနေနှင့် ၂၀၁၂ ခုနှစ် ၂ လပိုင်းတွင် သက်တန်းထိုးပေးနေသော လက်မှတ်များ သက်တမ်းမတိုးဘဲ ပါတ်စပို့လုပ်ဆောင်ကြရမည်ဆို သည့်အတွက် ငွေကြေးအခက်အခဲများကြောင့် စိတ်သောက ရောက်လျှက်ရှိကြောင်း သိရပါတယ်။

၁ နှစ်ခံလက်မှတ်သက်တမ်း မတိုးကြောင်း ကြေငြာထားပါတယ်

No comments:

Post a Comment