Thursday, February 16, 2012

ယနေ့ ၁၆-၂-၂၀၁၂ နံနက်ပိုင်း မဲဆောက်ဈေးအတွင်း ထိုင်းစစ်တပ် မှ စစ်ဆေးဖမ်းဆီး

မဲဆောက် ၁၆-၂-၂၀၁၂
၁၆-၂-၂၀၁၂နံနက်ပိုင်းက မဲဆောက်ဈေးအတွင်း ထိုင်းစစ်တပ်တာဝန်ရှိသူများ က ဈေးရဲ့  နေရာတော်တော်များများ ကို အဖွဲ့များခွဲပြီး တစ်ပြိုင်တည်း ၀င်ရောက်၍ နေထိုင်ခွင့်နှင့် ပါတ်စပို့များကို စစ်ဆေးခဲ့ပါတယ်။ဒီလိုစစ်ဆေးရာမှာ နေထိုင်အလုပ်လုပ်ခွင့် လက်မှတ် မရှိသူများနှင့် သက်တမ်းကုန်ဆုံးနေသူများကို ဖမ်းဆီးသွားပြီး ယခုလ (၂၈) ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည့် လက်မှတ်ကိုင်ဆောင်ထားသူများကိုလည်း ပါတ်စပို့လျှောက်ထားသော အထောက်အထားပြခိုင်းပြီး မပြနိုင်ပါက သက်ဆိုင်ရာသို့ ခေါ်ဆောင်သွားကြတယ်လို့ ဈေးအတွင်းက မျက်မြင်သက်သေတစ် ဦးက ပြောပါတယ်။ ဒီနေ့မနက်ဖမ်းဆီးတာဟာ နေရာတော်တော်များများကို ပိတ်ပြီးဖမ်းတာမို့ မလွတ်ကြဘူးလို့လည်းပြောပြပါတယ် ။ဒီကနေ့ ၁၆ ရက်နေ့ဟာ မဲဆောက်စက်ရုံများလ၀က် လစာထုတ်ရက်လည်းဖြစ်သဖြင့် ဈေးအတွင်းလူစည်ကားသောရက်ဖြစ်ကြောင်းလည်း ရှင်းပြပါတယ်။
  မဲဆောက်က အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကတော့ ဘန်ကောက်မြို့တွင် အီရန်နိုင်ငံသား ဗုံးခွဲသည့် ကိစ္စနှင့်များပါတ်သက်သလားမသိဘူး ဟုပြောဆိုသုံးသပ်နေပါတယ်။သက်ဆိုင်ခြင်းရှိ/မရှိကိုမူ မသိရပါ။ မဲဆောက်ကအလုပ်သမားတစ်ဦးကလည်း “ပါတ်စပို့လည်းလုပ်ရ ဘတ်လည်းလုပ်ရ ဆိုတဲ့အတွက် ငွေက သောင်းချီကုန်တယ် မလုပ်နိုင်ဘူး အခုဖမ်းတော့လည်း ရက်ရက်စက်စက်ဘဲ” ဟု ပြောပြပါတယ်။

   မဲဆောက်သားလေး

No comments:

Post a Comment