Wednesday, February 29, 2012

၂၈ ရက်သက်တမ်းကုန်ဘတ်များ နှင့် ပါတ်စပို့

မဲဆောက်သားလေး  ၁-၃-၂၀၁၂

၂ လပိုင်း ၂၈ ရက်နေ့က သက်တမ်းကုန်သွားတဲ့ အလုပ် လုပ်ကိုင်ခွင့်ဘတ်များ ကိုင်ဆောင်ထားပြီး လက်တွင်း ပါတ်စပို့ ကိုင်ဆောင်ထားသူများကို ထိုင်းပလိပ်များက အရေးယူဖမ်းဆီးနေပါပြီ။ ပါတ်စပို့ရှိနေပြီး ၂၈ ရက်နေ့က သက်တမ်းကုန်တဲ့ ဘတ်ကို ဆက်ကိုင်လို့မရပါဘူးတဲ့။ဖမ်းပါတယ်။သက်တမ်းဆက် ဖို့ သွေးစစ်ရမှာ ဖြစ်ပြီး (၁၉၀၀) ဘတ်ကုန်ကျမှာဖြစ်ပါတယ်။ ဘတ်အတွက်ကတော့ (၁၀၀၀)ပါ ဒါကတော့ ၁ နှစ်အတွက်ဖြစ်ပြီး  ၂ နှစ်အတွက် တစ်ခါတည်း လုပ်ထားနိုင်ပါတယ် လို့ ပြောပါတယ်။
၂ နှစ်အတွက် ဆိုရင်တော့ ဆေးရုံမှာ ၂ နှစ်စာ (၁၉၀၀ x ၂) ဖြစ်ပြီး အလုပ်သမားရုံးမှာလည်း (၁၀၀၀x ၂) ဖြစ်ပါတယ်။ ဒါကြောင် ၅၈၀၀ ဘတ်လောက်ထပ်ကုန်ကျနိုင်တယ်လို့ သိရပါတယ်။


       မဲဆောက်သားလေး

No comments:

Post a Comment