Thursday, February 2, 2012

ရက်ကျော်အလုပ်သမားပါတ်စပို့ ဒဏ်ကြေးငွေ ဘတ် ထောင်ချီပေးဆောင်ရ


                                                   ရက် (၉၀)သတ်မှတ်ထားတာပါ


မဲဆောက်တွင် လွန်ခဲ့သောနှစ်ကပြုလုပ်ထားသော ပါတ်စပို့သမားများ ရက် (၉၀)လျှင်တစ်ကြိမ် သက်တမ်းတိုးကြရာတွင်ရက်ကျော်ပါကဘတ်ငွေ ထောင်ချီဒဏ်ကြေးပေးဆောင်ရကြောင်းကြားသိရပါတယ်။ ထို့သို့သွားရောက်ပြီး သက်တမ်းအတွက် ဆောင်ရွက်ရာတွင် ရက်မကျော်ပါက ဘတ်ငွေ (၂၀) သာပေးဆောင်ရပြီး ရက်ကျော်ပါက ဘတ်ငွေ ထောင်ချီပေးဆောင်နေရသည့်ဟု (၈)ရက်ခန့်ရက်ကျော် ခဲ့သဖြင့် ဒဏ်ကြေးငွေ ထောင်ကျော်ပေးဆောင်ခဲ့ရသော ပါတ်စပို့အတွက် လက်မှတ်ထိုးရသော အလုပ်သမားတစ်ဦးက ပြောပြခဲ့ပါတယ်။သူအနေနဲ့ (၂)လပိုင်း (၂၈)ရက်တွင် ကုန်ဆုံးတော့မယ်အလုပ် သမားလက်မှတ်သက်တမ်းတိုးရေးတို့ကြောင့် ငွေကြေးအခက်အခဲရှိနေခဲ့ကြောင်း ပြောပြပါတယ်။(၂)လပိုင်းအလုပ်သမားသက်တမ်း မတိုးပါက သူကိုင်ဆောင်ထားသော ပါတ်စပို့မှာ ထိုင်းနိုင်ငံအတွင်း အသုံးပြုရန် မလွယ်ကူနိုင်ကြောင်း လည်း ပြောပြပါတယ်။

No comments:

Post a Comment