Thursday, February 23, 2012

မဲဆောက်မြို့တွင်း မြန်မာဆိုင်များ ပိတ်လိုက် ဖွင့်လိုက်

မဲဆောက် 23-2-2012
  မဲဆောက်ဈေးကြီးအတွင်း အဖမ်းအစီးများ မကြာခင်ရက်က ပြုလုပ်ပြီး နောက်နေများတွင် မြန်မာပိုင်ဆိုင်
များကိုလည်း ထိုင်းလူမျိုးတို့ လုပ်ငန်းကို လုပ်ကိုင်သည်ဟု ဆိုက လိုက်လံစစ်ဆေးဖမ်းစီးမည်ဟုသော
သတင်းများပေါ်ထွက်ခဲ့ပြီး နောက်နေတွင်ပင် လိုက်လံစစ်ဆေးနေရာ မဲဆောက်အပေါ်ဈေး ဖိုးထူးကဖေး
ရှိရာလမ်းကြားရှိ ဆိုင်များအပါအ၀င် ဈေးအတွင်းရှိဆိုင်များမှာ ပိတ်လိုက် ဖွင့်လိုက်ဖြင့် မ၀ံမရဲ လုပ်ဆောင်နေကြရသည်။ဈေးအတွင်းမှ မြန်မာလူမျိုး ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပြရာတွင်
“ ဈေးထဲလာလာဖမ်းတယ်ဗျာ သစ္စာပန်းလိုင်စင်ရှိလည်းမရဘူး အခွန်လိုင်စင်လုပ်ရမယ်” လိုပြောပြပါတယ်
သို့သော် ထိုင်းလူမျိုးအမည်ဖြင့် လုပ်ရမည်ြဖစ်ပြီး  တစ်နှစ် ဘတ် ၁၅၀၀ ခန့်ပေးဆောင်ကြရမည်ဖြစ်ကြောင်းသိရပါတယ်။ဆိုင်အမျိုးအစား အကြီးအသေး ပေါ်မူတည်ပြီး တန်ဖိုးသတ်မှတ်တာဖြစ်ပါတယ် အခွန်ငွေကိုတော့ ခွဲဆောင်ခွင့် ရှိကြောင်းသို့သော် လုပ်ငန်းတစ်မျိုးတည်းအတွက်ကို ဆောင်ရတာမျိုး လို့ ပြောပြပါတယ်။ဥပမာ ဆိုင်က မိတ္တူဆိုင်ဆိုရင်  မိတ္တူကူးတဲ့ လိုင်စင်က တစ်ခု  ဓါတ်ပုံရိုက်ရင် ဓါတ်ပုံလိုင်စင်အတွက် ထပ်ဆောင်းဆောင်ရမယ်လို့ ပြောပါတယ်။၂ လပိုင်းအတွင်း မဲဆောက်နေရာတိုင်းလိုလို ပလိပ်များကို တွေနေရပြီးစစ်ဆေးဖမ်းစီးနေကြကြောင်းပါ။ထူးခြားတာကတော့မဲဆောက်တွင်ပါတ်စပို့လုပ်သောကုမ္မဏီများတစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကြပါတယ်
ဈေးအပြိုင်လျှော့ပေးကြရာတစ်ဦး (လူဟောင်း) အတွက် ၄၀၀၀ ဘတ်အထိ ကျဆင်းနေကြောင်းလည်း သိရပါတယ်။

                                                                                                                   မဲဆောက်သားလေး

No comments:

Post a Comment